China
၂၀၂၄ ခုနှစ်၌ တရုတ်နိုင်ငံက ကလေးကျန်းမာရေးတွင် ဆက်လက်တိုးတက်မှုကို မှတ်တမ်းတင်
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကလေးကျန်းမာရေးညွှန်းကိန်းများသည် ၂၀၂၄ ခုနှစ်တွင် မူကြိုပညာရေး၌ တည်ငြိမ်သောတိုးတက်မှုနှင့်အတူ ဆက်လက်တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် စာရင်းအင်းစောင့်ကြည့်ရေးအစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ်တွင် မွေးကင်းစကလေးသေဆုံးမှုနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ၂.၅ ဦး၊ ကလေးငယ်သေဆုံးမှုနှုန်းက လူဦးရေတစ်ထောင်လျှင် ၄.၀ ဦးနှင့် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းကလည်း လူဦးရေတစ်ထောင်လျှင် ၅.၆ ဦးအထိ ကျဆင်းခဲ့ပြီး ၂၀၂၃ ခုနှစ်က ကျဆင်းနှုန်းများဖြစ်သော ၀.၃ ၊ ၀.၅ နှင့် ၀.၆ နှုန်းမှ အသီးသီးကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံလုံးဆိုင်ရာကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၂၁-၂၀၃၀) ၏ အကောင်အထည်ဖော်မှုလုပ်ငန်းစဉ် အစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ်ကုန်တွင် တရုတ်နိုင်ငံ၌ မိခင်နှင့် ကလေးကျန်းမာရေးဌာန ၃,၀၇၃ ခုနှင့် ကလေးဆေးရုံ ၁၆၂ ခုရှိကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် ကလေးနို့မှုန့်၏ အစားအသောက်ဘေးကင်းရေးနမူနာစစ်ဆေးမှုများအတွက် အောင်မြင်မှုနှုန်းမှာ ၉၉.၈၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ်တွင် မူကြိုပညာရေးအတွက် စုစုပေါင်းကျောင်းအပ်နှံမှုနှုန်းမှာ ၉၂.၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ်ထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် ကလေးများအား ဘေးဥပါဒ်ဖြစ်စေသော တရားမဝင်သည့်အပြင် အန္တရာယ်လည်းရှိသည့် အွန်လိုင်းသတင်းအချက်အလက် ၅.၄၈၅ သန်းကျော်ကို ဖယ်ရှားခဲ့ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။ (Xinhua)
……………….
(English Version)
China records continued improvement in child health in 2024
BEIJING, Dec. 30 (Xinhua) — China’s child health indicators continued to improve in 2024, alongside steady progress in preschool education, according to a statistical monitoring report released Tuesday by the National Bureau of Statistics.
In 2024, the neonatal mortality rate fell to 2.5 per thousand, the infant mortality rate to 4.0 per thousand, and the under-five mortality rate to 5.6 per thousand, representing declines of 0.3, 0.5 and 0.6 per thousand points, respectively, from 2023, according to the report on the implementation progress of the China National Program for Child Development (2021-2030).
By the end of 2024, China had 3,073 maternal and child health institutions and 162 children’s hospitals, the report stated.
The pass rate for food safety sampling inspections of infant formula milk powder reached 99.88 percent in 2024, according to the report.
The gross enrollment rate for preschool education was 92.0 percent in 2024, up 0.9 percentage points from 2023, the report noted.
In 2024, over 5.485 million items of illegal and harmful online information endangering children were removed, according to the report. ■
English Caption
Teachers and parents play games with children at a kindergarten in Rizhao City, east China’s Shandong Province, Feb. 20, 2025. (Xinhua/Guo Xulei)
