Connect with us

China

ရုရှားနိုင်ငံက “ထိုင်ဝမ်ခွဲထွက်ရေး” ၏ မည်သည့်ပုံစံကိုမဆို ဆန့်ကျင်ကြောင်း ထပ်လောင်းအတည်ပြု

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်၌ ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် လက်ဆွဲနှုတ်ဆက်နေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၅ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီး “ထိုင်ဝမ်ခွဲထွက်ရေး” ၏ မည်သည့်ပုံစံကိုမဆို ဆန့်ကျင်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
အချို့နိုင်ငံများက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာကြောင်း ပြောဆိုနေသော်လည်း တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေးမူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းရန် ထောက်ခံကြကြောင်း ဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ ပေးပို့သော ကြေညာချက်၌ ဖော်ပြခဲ့သည်။

လက်ရှိတွင် အချို့နိုင်ငံများက ထိုင်ဝမ်အရေးကို တရုတ်နိုင်ငံအား စစ်ရေးနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်ရေးကိရိယာတစ်ခုအဖြစ် အသုံးပြုနေကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ရုရှား၏ မူအရ ရပ်တည်ချက်ကို ကောင်းစွာသိရှိထားကြပြီးဖြစ်သလို ပြောင်းလဲမှုမရှိကြောင်း၊ အမြင့်ဆုံးအဆင့်၌ အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုထားပြီးဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်နိုင်ငံတွင် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် တရားဝင်အခြေခံအကြောင်းရင်းအားလုံးရှိသည်ဟုလည်း ထပ်လောင်းဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Russia reaffirms opposition to any form of “Taiwan independence”
MOSCOW, Dec. 30 (Xinhua) — Russia recognizes Taiwan as an inalienable part of China and opposes any form of “Taiwan independence,” the Russian Ministry of Foreign Affairs said Tuesday.
Some countries, while claiming their adherence to the one-China principle, advocate maintaining the status quo, which runs counter to the principle of China’s national reunification, the ministry said in a statement sent to Xinhua.
The Taiwan question is currently being used by certain countries as an instrument of military and strategic containment against China, the ministry said.
Russia’s principled position on the Taiwan question is well known, unchanged, and has been repeatedly reaffirmed at the highest level, it said, adding that the Taiwan question is China’s internal affair and China has every legitimate basis to defend its sovereignty and territorial integrity. ■
English Caption
Chinese President Xi Jinping shakes hands with Russian President Vladimir Putin at the Kremlin in Moscow, Russia, May 8, 2025. (Xinhua/Huang Jingwen)