China
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခုခံတော်လှန်ရေး ဆိုဗီယက်လေတပ်သားအာဇာနည်များ ပထမအုပ်စု၏ အချက်အလက်များကို တရုတ်နိုင်ငံ အသစ်ထပ်မံပြင်ဆင်ဖြည့်စွက်

နန်ကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ကျူးကျော်မှုကို ခုခံရာ၌ တရုတ်နိုင်ငံအား ကူညီရန် ၎င်းတို့အသက်များကို စွန့်လွှတ်ခဲ့ကြသော ဆိုဗီယက်ယူနီယံ ကျဆုံးလေတပ်သား ၁၈ ဦး ပါဝင်သော ပထမအုပ်စု၏ အချက်အလက်များကို အသစ်ထပ်မံပြင်ဆင်ဖြည့်စွက်ထားကြောင်း တရုတ်နိုင်ငံရှိ အောက်မေ့ဖွယ်ခန်းမက မေ ၇ ရက်၌ ဖော်ပြခဲ့သည်။
နန်ကျင်း ဂျပန်ခုခံတော်လှန်ရေး လေသူရဲများ အောက်မေ့ဖွယ်ခန်းမ၏ အဆိုအရ ဆိုဗီယက်ယူနီယံ ကျဆုံးသူရဲကောင်းများ၏ မှားယွင်းနေသော အချက်အလက်များကို အမှန်ပြင်ဆင်ထားသလို အမည်စာလုံးပေါင်းများ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းနေ့စွဲများ၊ စစ်ဘက်ရေးရာအဆင့်များနှင့် ရာထူးများ အပါအဝင် အသေးစိတ်အချက်အလက်သစ်များကိုလည်း ဖြည့်သွင်းထားကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China updates data of first 18 Soviet anti-Japanese aviation martyrs during WWII
NANJING, May 7 (Xinhua) — A memorial hall in China on Wednesday said it has updated the information of the first group of 18 former Soviet Union airmen who sacrificed their lives to assist China in resisting Japanese aggression during World War II.
According to the Nanjing Anti-Japanese Aviation Martyrs Memorial Hall, the updates correct inaccurate information and also add new details about the former Soviet Union heroes, including name spellings, birth and death dates, and military ranks and positions.
Photo: The Nanjing Anti-Japanese Aviation Martyrs Memorial Hall releases the updated information of the first group of 18 former Soviet Union airmen who sacrificed their lives to assist China in resisting Japanese aggression during World War II, in Nanjing, east China’s Jiangsu Province, May 7, 2025. (Photo by Huang Yudong/Xinhua)