Connect with us

China

မာလ်တီနေရှင်နယ်ကုမ္ပဏီများ၏ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း၌ တရုတ်နိုင်ငံက အရေးကြီးသည့် မဟာဗျူဟာ အနေအထားတွင် ရှိကြောင်း KPMG တရုတ်စီးပွားရေးသုတေသနဌာန အကြီးအကဲ ချိုက်ဝေ ပြောကြား

နဝမကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲနှင့် တရုတ်နိုင်ငံ အရှေ့-အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကုန်သွယ်ရေး ဆွေးနွေးပွဲရှိ ဝေဟင်နိမ့်စီးပွားရေးပြပွဲတွင် လေယာဉ်အမျိုးမျိုးအား လာရောက်ကြည့်ရှုနေကြသည်ကို ၂၀၂၅ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဧရာမကြီးမားသည့် ဈေးကွက်အလားအလာနှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် ရှိသည့် အချက်အချာကျသည့် အနေအထားကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက ဆက်တိုက်ဝင်ရောက်ကာ တရုတ်ဈေးကွက်အခင်းအကျင်းကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း KPMG တရုတ်စီးပွားရေးသုတေသနဌာန အကြီးအကဲ ချိုက်ဝေက မကြာမီရက်ပိုင်း ဆင်ဟွာသတင်းထောက်၏ စာလွှာဖြင့် သီးသန့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နည်းပညာဆန်းသစ်ဖန်တီးမှုကို အရှိန်မြှင့်၍ ကုန်ထုတ်လုပ်ငန်းဖွဲ့စည်းမှု အသွင်ပြောင်း အဆင့်မြှင့်ရေးကို တွန်းအားပေးဖော်ဆောင်လာခြင်းနှင့်အတူ နည်းပညာမြင့် ထုတ်လုပ်မှုလုပ်ငန်းများနှင့် ထုတ်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်လာသည့် အဓိကဏ္ဍများ ဖြစ်လာပြီဖြစ်ကြောင်း ချိုက်ဝေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကိုယ်ပိုင်တံခါးဖွင့်လှစ်မှုကို တိုးချဲ့ခြင်း၊ စီးပွားရေးပတ်ဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ အဆင်ပြေချောမွေ့ရေးအစီအမံများ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရေး စသည့် အစီအမံများကို အားဖြည့်ကာ “တရုတ်တွင် ရင်းနှီးမြှုပ်နှံခြင်း” ဟူသော အမှတ်တံဆိပ်ကို ဆက်လက် ဖန်တီးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယုံကြည်ချက်ကို မြှင့်တင်သွားမည်ဟု ယုံကြည်ကြောင်း၊ ထို့အပြင် ပိုမိုများပြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆန်းသစ်တီထွင်မှုနှင့် ဝန်ဆောင်မှုကဏ္ဍသို့ ဝင်ရောက်ရန် အားပေးသွားကာ တရုတ်နိုင်ငံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ အင်အားပေးသွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ သန်းပေါင်း ၁,၄၀၀ ကျော်ရှိသော တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စားသုံးမှုဈေးကွက် ဖြစ်သည့် တစ်ချိန်တည်းတွင်ပင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ပမာဏအကြီးဆုံး၊ တိုးတက်မှုအကောင်းဆုံးရှိသော အလယ်အလတ်အဆင့် ဝင်ငွေရှိသည့် လူအုပ်စုရှိရာ စားသုံးမှုအဆင့်မြှင့်တင်သည့် ကြီးမားသော ဝယ်လိုအား အရှိန်ပျိုးလျက်ရှိသည်။

“ဘက်စုံ၊ တည်ငြိမ်တဲ့ ထောက်ပံ့ရေးကွင်းဆက် အခြေခံကို ထပ်ပေါင်းလိုက်ရင် တရုတ်ဈေးကွက်က မာလ်တီနေရှင်နယ်လ်ကုမ္ပဏီများ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းမှာ အရေးကြီးတဲ့ မဟာဗျူဟာ အနေအထားမှာ အမြဲရှိနေတယ်” ဟု ချိုက်ဝေက ပြောသည်။

ကမ္ဘာ့အကြီးဆုံး ကုန်စည်ကုန်သွယ်ရေးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ဗဟိုအချက်အချာနေရာတွင်ရှိရာ အထူးကြီးမားသည့် ဈေးကွက်အားသာချက်ကို အသုံးပြု၍ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးလှုပ်ရှားမှု ပြန်လည်ရှင်သန်လာအောင် အရေးကြီးသည့် ပံ့ပိုးမှုပေးမည် ဖြစ်ကြောင်း၊ တရုတ်ဈေးကွက် တည်ငြိမ်မှု၊ တံခါးဖွင့်မှု၊ မျှော်မှန်းနိုင်မှုသည် ကမ္ဘာအတွက် သေချာရေရာမှုများ ပံ့ပိုးပေးသလို ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်၏ ရင်းနှီးမြှုပ်နှံမှု ယုံကြည်ချက်ကို မြှင့်တင်ပေးရန် အထောက်အပံ့ပေးကြောင်း ချိုက်ဝေက ယူဆသည်။

တရုတ်နိုင်ငံသည် တံခါးဖွင့်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံအသီးသီးနှင့်အတူ ပို၍ အားလုံးပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုစနစ်ကို အတူတကွ တည်ဆောက်လျက်ရှိကြောင်း ချိုက်ဝေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မူပိုင်ခွင့် မျှဝေခြင်း၊ နိုင်ငံတကာစံနှုန်း သတ်မှတ်မှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေတွင် ပါဝင်ခြင်း စသည်တို့ကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ပြီး နည်းပညာရလဒ်၏ အများအကျိုးဖြစ်ထွန်းမှု၊ မျှဝေခံစားမှုကို မြှင့်တင်လျက်ရှိကြောင်း၊ နွေရာသီ ဒါဗို့စ်ဖိုရမ်၊ အစိမ်းရောင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” စသည့် ပလက်ဖောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်နှင့်အတူ ခိုင်မာသော စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပြီးဖြစ်ရာ သက်ဆိုင်ရာ ဒေသများ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရယူနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ခဲ့သလို ဆန်းသစ်တီထွင်မှု ရှင်သန်စွမ်းအားကို နှိုးဆွပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

DeepSeek ၊ YuShu လူပုံစံတူ စက်ရုပ် စသည့် တရုတ်သိပ္ပံနည်းပညာလုပ်ငန်းများ အားကောင်း ဦးမော့လာခြင်းက တရုတ်၏သိပ္ပံနည်းပညာစွမ်းအားနှင့် တရုတ်နိုင်ငံက ပုဂ္ဂလိက စီးပွားရေး အရည်အသွေးမြင့် တိုးတက်မှု မြှင့်တင်ရန်အတွက် ခိုင်မာသော သန္နိဋ္ဌာန်ကို ကမ္ဘာအား ပြသလိုက်ခြင်းဖြစ်ကြောင်း ချိုက်ဝေက သတင်းထောက်ကို ပြောကြားခဲ့သည်။

“ရင်းနှီးမြှုပ်နှံသူတွေက တရုတ်စီးပွားရေး သစ်လွင်မှု၊ ကောင်းမွန်မှုကို ဦးတည်တိုးတက်တဲ့အပေါ် ယုံကြည်ချက်က အဆက်မပြတ် အားကောင်းလာတယ်။ ဒါက နိုင်ငံတကာ အရင်းအနှီးတွေ တရုတ်နိုင်ငံကို စီးဝင်အောင် ဆွဲဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

———————
(Chinese Version)
共话中国经济新机遇|专访:中国在跨国企业全球布局中保持重要战略地位——访毕马威中国经济研究院院长蔡伟
新华社海牙6月30日电 专访:中国在跨国企业全球布局中保持重要战略地位——访毕马威中国经济研究院院长蔡伟   新华社记者王湘江
毕马威中国经济研究院院长蔡伟日前接受新华社记者书面专访时表示,依托中国庞大的市场潜力及其在全球供应链中的关键地位,外资持续投入并优化在中国市场布局。
蔡伟说,随着中国加快技术创新和推动产业结构转型升级,高技术制造业和生产性服务业逐步成为外资流入重要领域。
他表示,相信中国将通过扩大自主开放、优化营商环境、完善便利化措施、加强权益保护等举措,持续打造“投资中国”品牌,提振外资信心,并鼓励更多外资进入创新和服务领域,助力中国高质量发展。
中国拥有14亿多人口,是全球第二大消费市场,同时中国拥有全球规模最大、成长性最好的中等收入群体,孕育着大量消费升级需求。蔡伟说:“叠加全面、稳定的供应链基础,中国市场在跨国公司全球布局中始终保持重要战略地位。”
蔡伟认为,作为世界第一大货物贸易国,中国在全球供应链中占据核心地位,将发挥超大规模市场优势,为全球贸易和生产活动复苏提供重要支撑。中国市场稳定、开放、可预期,给全球经济提供了确定性,有助于提升全球市场的投资信心。
蔡伟表示,中国正通过开放协作,与各国共同构建更加包容的全球创新体系。中国积极推动专利共享、参与国际标准制定以及南南合作基金等,促进技术成果的普惠共享。通过夏季达沃斯论坛、绿色“一带一路”等平台,中国已与100多个国家和地区开展务实能源合作,显著提升了相关地区的可再生能源获取能力,激发了创新活力。
蔡伟对记者说,今年以来,深度求索(DeepSeek)、宇树人形机器人等中国科技企业的崛起向世界展现了中国科技实力,以及中国促进民营经济高质量发展的坚定信心,“投资者对中国经济向新向好发展的信心不断增强,这将吸引更多国际资本的流入”。(完)
1. 5月21日,在第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会低空经济展上,参观者了解各类飞行器。新华社记者李一博摄