Connect with us

China

တရုတ်-မလေးရှား နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် စတင်အသက်ဝင်

မလေးရှားနိုင်ငံ၊ ပူထရာဂျာရားမြို့၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ လက်ဆွဲနှုတ်ဆက်နေကြပုံကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မလေးရှားနိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်သည် ဇူလိုင် ၁၇ ရက်တွင် တရားဝင် စတင်အသက်ဝင်ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့် မူဝါဒကို ပိုမိုချဲ့ထွင်လိုက်ပြီဖြစ်သည်။
အဆိုပါ မူဝါဒအရ တရုတ်နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားများသည် သက်ဆိုင်ရာ နိုင်ငံ၏ သာမန် နိုင်ငံကူးလက်မှတ် (ordinary passport) ကိုင်ဆောင်ထားပါက ဗီဇာမလိုဘဲ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်း တစ်ကြိမ်လျှင် ရက် ၃၀ ထက် မပိုစေရဘဲ ရက်ပေါင်း ၁၈၀ အတွင်း စုစုပေါင်း ရက် ၉၀ ထက် မကျော်လွန်သော ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာနေထိုင်နိုင်ခွင့်ရမည် ဖြစ်သည်။
ဤမူဝါဒသည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး သုံးလအကြာတွင် စတင်အသက်ဝင်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံတကာ ဖလှယ်မှုများ မြှင့်တင်ရန် ကြိုးပမ်းမှုများတွင် နောက်ထပ် ခြေလှမ်းအသစ်တစ်ခု ဖြစ်ကြောင်းကို ပြသနေသည်။
မေလအထိ တရုတ်နိုင်ငံသည် နိုင်ငံကူးလက်မှတ် အမျိုးအစားအမျိုးမျိုးအတွက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် တရုတ်နိုင်ငံက ဗီဇာ ကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့် ကာလကို ရက် ၃၀ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(English Version)
China-Malaysia mutual visa-free agreement comes into force
BEIJING, July 17 (Xinhua) — China’s mutual visa-exemption agreement with Malaysia officially took effect on Thursday, further expanding the country’s visa-free travel policy.
Under the policy, Chinese and Malaysian citizens holding valid ordinary passports can enter, exit or transit through the other country for travel without a visa. Each stay should not exceed 30 days, with a cumulative limit of 90 days within any 180-day period.
The policy comes into effect three months after China and Malaysia signed a mutual visa-free agreement, marking another step forward in China’s efforts to ease travel and boost international exchanges.
As of May, China had signed mutual visa-exemption agreements with 157 countries, covering different types of passports. In November 2024, it extended the visa-free entry stay period to 30 days.

English Caption
Chinese President Xi Jinping shakes hands with Malaysian Prime Minister Anwar Ibrahim in Putrajaya, Malaysia, April 16, 2025. (Xinhua/Huang Jingwen)