Connect with us

China

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းမတ်ပေးရန် သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း တီထွင်ဆန်းသစ်မှုဆိုင်ရာ ပေါင်းစည်းချိတ်ဆက်မှုကို အရှိန်မြှင့်လုပ်ဆောင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ စက်ရုပ်ကုမ္ပဏီတစ်ခု၌ ဝန်ထမ်းတစ်ဦးက လူပုံစံတူစက်ရုပ်တစ်ရုပ်အား ထိန်းညှိပြုပြင်နေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆေးဘက်ဆိုင်ရာ ကိရိယာ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် ခွဲစိတ်ခန်းသုံး စက်ရုပ်က ငုံးဥအစိမ်းတစ်လုံးအား အတွင်းဘက်အလွှာ မထိခိုက်စေဘဲ ဂရုတစိုက် အခွံနွှာနေသည်။ ထိုစဉ် စီးပွားရေးလုပ်ငန်းသုံး အာကာသဆိုင်ရာ အဆောက်အအုံတစ်ခုတွင် အင်ဂျင်နီယာများက 3D printing နည်းပညာ အသုံးပြုကာ ဒုံးပျံအစိတ်အပိုင်းများကို ထုတ်လုပ်လျက်ရှိသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်နှင့် ကီလိုမီတာ ၂,၀၀၀ ကျော် ကွာဝေးသည့်အရပ်၌ ရေအောက်သုံး စက်ရုပ်များက ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အရေးပေါ် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စွမ်းရှိသလို ဒရုန်းများကလည်း တည်ငြိမ်သော စွမ်းအင်ရရှိပါက အလွန်ဝေးကွာသော အကွာအဝေးအထိ ၂၄ နာရီကြာ ပျံသန်းနိုင်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များက တရုတ်နိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုကို စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းချိတ်ဆက်မှုအား လတ်တလော အရှိန်မြှင့်လုပ်ဆောင်နေခြင်းကို ထင်ဟပ်စေကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ရာတွင် အံ့မခန်း တိုးတက်အောင်မြင်မှုများကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်။
တရုတ်နိုင်ငံ၏ အကျိုးသက်ရောက်မှုရှိသော တီထွင်မှု မူပိုင်ခွင့် လျှောက်ထားမှုများမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးသန်းနီးပါး ရှိလာခဲ့ကာ ယမန်နှစ် ကာလတူထက် ၁၂.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို မဟာဗျူဟာမြောက် အရေးပါသည့် ထွန်းသစ်စ ဝန်ဆောင်မှုလုပ်ငန်းကြီးများ၏ ဝင်ငွေမှာလည်း ၁၀ ရာခိုင်နှုန်းနီးပါး တိုးပွားလာခဲ့ကြောင်း သိရသည်။ နည်းပညာမြင့် ကုန်ထုတ်လုပ်ငန်းကြီးများ၏ တန်ဖိုးမြှင့် စက်မှုထုတ်ကုန် ပမာဏမှာလည်း ပထမနှစ်ဝက်တွင် ၉.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ယင်းအံ့မခန်း တိုးတက်မှုကို မည်သည်တို့က တွန်းအားပေးပံ့ပိုးခဲ့သနည်း။ ထိုသို့သော ပေါင်းစည်းချိတ်ဆက်မှုကို အားပေးမြှင့်တင်ရာတွင် မည်သို့သော အနာဂတ် စီမံဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်နည်း။ ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ‌စက်မှုနှင့် သိပ္ပံဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတော်အဆင့် ဆန်းသစ်တီထွင်မှုစင်တာ ညွှန်ကြားရေးမှူးတစ်ဦးနှင့် နည်းပညာမြင့် ကုမ္ပဏီတစ်ခု၏ ပူးတွဲတည်ထောင်သူတို့က ၎င်းတို့၏ အသိအမြင်များကို မျှဝေခဲ့ကြသည်။
ဆန်းသစ်တီထွင် ပေါင်းစည်းမှု အရှိန်အဟုန်‌‌ကောင်းမွန်လျက်ရှိ
အသွင်ကူးပြောင်းခြင်းနှင့် သိပ္ပံပညာရပ်ဆိုင်ရာ တိုးတက်မှုများကို စက်မှုလုပ်ငန်းအသွင် ဖော်ဆောင်ခြင်းတို့ကို အလေးထားလုပ်ဆောင်သည့် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် National Innovation Center par Excellence (NICE) ၏ ညွှန်ကြားရေးမှူး လျိုချင့်က ယခုနှစ်တွင် အလွန်အလုပ်များနေကြောင်း ပြောကြားခဲ့သည်။
NICE အနေဖြင့် ပြီးခဲ့သည့် လများအတွင်း ဒိန်းမတ်၊ ဩစတြေးလျ စသည့် နိုင်ငံများတွင် သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖိုရမ်များကို ကြီးမှူးကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ပြည်ပမှ မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းသစ် ၁၁ ခု ထပ်တိုးလာသည့်အတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း အရေအတွက် စုစုပေါင်း ၁၀၀ နီးပါး ရှိလာပြီဟု သိရသည်။
“တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဈေးကွက်အလားအလာတွေဟာ ပြည်ပက သိပ္ပံပညာရှင်တွေကို အတော်လေး ဆွဲဆောင်ထားနိုင်ပါတယ်” ဟု လျိုက စကားဝိုင်းဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5wN

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Dongguan မြို့ရှိ ဉာဏ်ရည်ထည့်သွင်းထားသော စက်ရုပ် တီထွင်အသုံးချမှုဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်း၌ ဉာဏ်ရည်ထည့်သွင်းထားသော ရေအောက်သုံး စက်ရုပ်တစ်ရုပ်အား စမ်းသပ်နေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Xiaomi ကုမ္ပဏီ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၌ စက်ရုပ်များဖြင့် လည်ပတ်လုပ်ကိုင်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
(China Economic Roundtable) Xinhua Headlines: China speeds up sci-tech, industrial innova-tion integration to steer high-quality development
BEIJING, July 28 (Xinhua) — In a Beijing medical device company, a surgical robot carefully peeled the shell of a raw quail egg without breaking the inner membrane. Meanwhile, in a commercial space facility, engineers were using 3D printing technology to produce rocket components.
More than 2,000 kilometers away in south China’s Guangdong Province, underwater robots can conduct equipment maintenance and emergency operations, while drones have achieved 24-hour ultra-long flight under stable power conditions.
These scenes capture China’s recent acceleration in integrating sci-tech innovation with indus-trial innovation, demonstrating remarkable achievements in pursuing high-quality develop-ment.
From January to May 2025, the number of China’s effective invention patent applications reached nearly 5 million, up 12.8 percent year on year, while the revenue of major emerging service enterprises with strategic importance increased almost 10 percent. The value-added industrial output of major high-tech manufacturers increased by 9.5 percent in the first half.
What propelled this impressive progress? And what future actions will be taken to promote such integration? In the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, industrial and science officials, a national innovation center director, and a co-founder of a high-tech firm shared their insights.
INNOVATION INTEGRATION IN FULL SWING
For Liu Qing, director of the National Innovation Center par Excellence (NICE), a Chinese insti-tution focused on transforming and industrializing scientific advancements, this year has been exceptionally busy so far.
Over the past months, the NICE has hosted science and innovation forums in countries includ-ing Denmark and Australia, and added 11 new overseas strategic partners in the first half of 2025, bringing the total number of its international partners close to 100.
“The market prospects for industrial development in China are indeed very attractive to over-seas scientists,” said Liu while speaking at the roundtable.
Read more in #XinhuaHeadlines: xhtxs.cn/5wN
English Caption 1
A staff member debugs a humanoid robot at a robot company in Shenzhen, south China’s Guangdong Province, June 25, 2025. (Xinhua/Li An)
English Caption 2
An intelligent underwater robot is tested at a provincial institute of intelligent robotics in Dongguan, south China’s Guangdong Province, June 24, 2025. (Xinhua/Deng Hua)
English Caption 3
Robots work at Xiaomi’s automobile factory in Beijing, capital of China, June 16, 2025. (Xinhua/Zheng Huansong)