Connect with us

China

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံ၏ R&D မှ ဈေးကွက်ဖော်ဆောင်မှုလမ်းကြောင်းက ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုဆွဲဆောင်အားအဖြစ် ထွက်ပေါ်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဖရင့်တွင် Q-Tractor P40 Plus စွမ်းအင်သစ်မောင်းသူမဲ့မော်တော်ယာဉ်အား လေ့လာသူများအား မိတ်ဆက်ပြသနေသည့် တရုတ်နည်းပညာကုမ္ပဏီ Westwell ဝန်ထမ်းတစ်ဦး (ယာ) ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်သည် ထူးထူးခြားခြားအလုပ်များပြားသောကာလတစ်ခု ဖြစ်ခဲ့သော်ငြားလည်း တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနခြေရာ တိုးချဲ့နိုင်သည့် အကျိုးရှိသောကာလအပိုင်းအခြားဖြစ်ခဲ့ကြောင်း National Innovation Center par Excellence (NICE) ၏ ညွှန်ကြားရေးမှူး လျိုချင့်က ပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ အပါအဝင် နိုင်ငံများ၌ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်များ လက်ခံကျင်းပခြင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများမှတစ်ဆင့် စင်တာသည် ခြောက်လတာကာလအတွင်း ပြည်ပမဟာဗျူဟာမြောက်မိတ်ဖက်အသစ် ၁၁ ခု ဖြည့်တင်းနိုင်ခဲ့ပြီး ၎င်း၏နိုင်ငံတကာမိတ်ဖက် စုစုပေါင်း အ‌ရေအတွက်ကိုလည်း ၁၀၀ နီးပါးအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဈေးကွက်အလားအလာတွေက ပြည်ပသိပ္ပံပညာရှင်တွေအပေါ် တကယ့်ကိုဆွဲဆောင်ထားနိုင်ပါတယ်” ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် လျိုက ဆွေးနွေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) ကဏ္ဍအသုံးစရိတ်မှာ ၂၀၂၄ ခုနှစ်အတွင်း ယွမ် ၃.၆ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၀၃.၇၃ ဘီလီယံခန့်) ရှိခဲ့ကာ ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။
အထူးသဖြင့် စီးပွားရေးလုပ်ငန်းများသည် ဆန်းသစ်တီထွင်မှုကဲ့သို့ မောင်းနှင်အားတွင် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ ကော်ပိုရိတ်ကဏ္ဍက နိုင်ငံတော်အဆင့် R&D ကဏ္ဍသုံးစွဲမှု၏ ၇၅ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးထားသလို R&D ဝန်ထမ်း၏ ၇၅ ရာခိုင်နှုန်းကျော်ကိုလည်း အလုပ်ခန့်အပ်ထားကြောင်း အချက်အလက်များက ဖော်ပြလျက်ရှိသည်။
အဆိုပါ အသုံးစရိတ်များသည် ထင်သာမြင်သာရှိသော အောင်မြင်မှုများအဖြစ်သို့ ပြောင်းလဲထားခဲ့သည်။ ကွမ်တမ်နည်းပညာ၊ သက်ရှိများအား လေ့လာသောသိပ္ပံပညာနှင့် ဉာဏ်ရည်တုနည်းပညာ စသည့်နယ်ပယ်များ၌ တရုတ်နိုင်ငံသည် လတ်တလော တိုးတက်အောင်မြင်မှုများ မျက်မြင်တွေ့ရှိခဲ့ရသလို ယင်းလုပ်ငန်းများစွာကလည်း ကမ္ဘာ့ဦးဆောင်နေရာ၌ ‌ရပ်တည်နေပြီဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုတွေက စက်မှုလုပ်ငန်းစွမ်းဆောင်မှုနဲ့အတူ သိပ္ပံပညာရပ်ဆိုင်ရာ ရှာ‌ဖွေတွေ့ရှိမှုကို ပေါင်းစပ်ပေးထားပါတယ်” ဟု ပေကျင်းမြို့အခြေစိုက် အာကာသဆိုင်ရာလုပ်ငန်းတစ်ခုဖြစ်သော GalaxySpace ပူးတွဲတည်ထောင်သူနှင့် ဒုတိယဥက္ကဋ္ဌ ‌‌ကောင်းချန်းဖုန်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
(China Economic Roundtable) China’s R&D-to-market pipeline emerges as global innovation magnet
BEIJING, July 28 (Xinhua) — For Liu Qing, director of the National Innovation Center par Excellence (NICE), the first half of 2025 has been an exceptionally busy but rewarding period to expand China’s global research footprint.
Through efforts like hosting science and innovation forums in countries including Denmark and Australia, the center added 11 new overseas strategic partners during the six months, bringing the total number of its international partners close to 100.
“The market prospects for industrial development in China are indeed attractive to overseas scientists,” said Liu, while speaking on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
Official data showed that China’s R&D expenditure exceeded 3.6 trillion yuan (about 503.73 billion U.S. dollars) in 2024, ranking second in the world.
Notably, enterprises played a key role in driving such innovation. Data reveals that the corporate sector contributes over 75 percent of national R&D spending and employs more than 75 percent of R&D personnel.
These expenditures have turned into tangible breakthroughs. In the fields of quantum technology, life sciences and artificial intelligence, China saw significant recent progress — with many of its industries leading the world.
“Our innovations fuse scientific discovery with industrial capability,” said Gao Qianfeng, co-founder and vice president of GalaxySpace, a Beijing-based commercial space firm.
Photo: A staff member (R) of Westwell, a Chinese technology company, introduces a Q-Tractor P40 Plus new energy unmanned vehicle to a visitor during its debut at the 2025 World AI Conference in east China’s Shanghai, July 27, 2025. (Xinhua/Chen Haoming)