Connect with us

China

အင်တာနက် ဂြိုဟ်တုအုပ်စုသစ်ကို တရုတ်နိုင်ငံ လွှတ်တင်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ အနိမ့်ပိုင်း ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း ဂြိုဟ်တုအုပ်စုတစ်ခု တင်ဆောင်ထားသော Long March-5B သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၅ ခုနှစ် သြဂုတ် ၁၃ ရက်က လွှတ်တင်စဥ် (ဆင်ဟွာ)

ဝန်ချန်း၊ ဟိုင်နန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အနိမ့်ပိုင်း ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း ဂြိုဟ်တုအုပ်စုသစ်တစ်ခုကို တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ သြဂုတ် ၁၃ ရက်၌ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အင်တာနက်ဂြိုဟ်တုအုပ်စုတစ်ခုအဖြစ် ပါဝင်မည့် ၎င်း၏ အဋ္ဌမမြောက် ဂြိုလ်တုအုပ်စုကို ဒုံးပျံ၏ထိပ်ဖူး၌ Yuanzheng-2 (Expedition-2) အပေါ်အဆင့် ပါဝင်သည့် Long March-5B သယ်ဆောင်ရေးဒုံးပျံပေါ် တင်ဆောင်၍ ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်တုများသည် ၎င်းတို့၏ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
အဆိုပါပစ်လွှတ်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၅၈၈ ခုမြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………
(English Version)
China launches new group of internet satellites

WENCHANG, Hainan, Aug. 13 (Xinhua) — China successfully launched a new group of low Earth orbit satellites from the Wenchang Space Launch Site in the southern island province of Hainan on Wednesday.
This satellite group, the eighth of its kind that will constitute an internet constellation, was launched at 2:43 p.m. (Beijing Time) aboard a Long March-5B carrier rocket, featuring a Yuanzheng-2 (Expedition-2) upper stage at the top of the rocket.
The satellites successfully entered their preset orbit.
This launch marked the 588th mission of the Long March series carrier rockets. ■

English Caption

A Long March-5B carrier rocket carrying a group of low Earth orbit satellites blasts off from the Wenchang Space Launch Site in south China’s Hainan Province, Aug. 13, 2025. (Xinhua/Guo Cheng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.