Connect with us

China

တရုတ်နိုင်ငံ၏ ယန်ဇီမြစ်ဝှမ်းဒေသအတွင်း ဥပဒေစိုးမိုးရေးလုပ်ငန်းများအား အရှိန်မြှင့်လုပ်ဆောင်မည်

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်ရှိ တည်ဆောက်ပြီးစီးသွားသည့် စွမ်းလျို ယန်ဇီမြစ်ကူးတံတားကို ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသည့်ဓါတ်ပုံအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ယန်ဇီမြစ်ဝှမ်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် တရားစီရင်ရေးလုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်လုပ်ဆောင်မည့် လမ်းညွှန်ချက်တစ်ရပ်အား အာဏာပိုင်များက သြဂုတ် ၁၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လမ်းညွှန်ကြေညာချက်ကို ပြည်သူ့တရားလွှတ်တော်ချုပ် (SPC)၊ ပြည်သူ့ရှေ့နေချုပ်ရုံး (SPP) နှင့် ဗဟိုအစိုးရဌာနများစွာတို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းမှုအား ထိန်းချုပ်ရေး၊ ယန်ဇီမြစ်အတွင်းငါးဖမ်းမှုအား ပိတ်ပင်တားမြစ်ရေး၊ မြစ်ကြမ်းပြင်မှ သဲထုတ်ယူမှုအား စီမံခန့်ခွဲရေးကဲ့သို့သော အရေးကြီးကိစ္စများတွင် တိကျခိုင်မာသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် တရားစီရင်ရေးစံနှုန်းများကို လိုက်နာကျင့်သုံးကြရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယန်ဇီမြစ်ဝှမ်းဒေသအတွင်း များစွာသော အုပ်ချုပ်ရေးဒေသများရှိ ဂေဟစနစ်ကို ပျက်ယွင်းစေနိုင်သည့် ထိလွယ်ရှလွယ်ဧရိယာများ၊ ဂေဟစနစ်နှင့် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သော စည်းကမ်းချိုးဖောက်မှုဖြစ်ပွားမှုနှုန်းမြင့်မားသည့်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် အာဏာပိုင်များကို ထောက်ပံ့ကူညီပေးရမည်ဖြစ်ကြောင်းလည်း လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဂေဟစနစ်ကို ပြန်လည်ထူထောင်ခြင်း၊ တရားစီရင်ရေးလုပ်ငန်းများ၊ မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးခြင်းကဲ့သို့သော အခန်းကဏ္ဍများကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်သည့် စင်တာတစ်ခုကိုတည်ဆောက်ရန် ရည်ရွယ်ထားပြီး ဂေဟစနစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်လည်း လမ်းညွှန်ချက်တွင် တိုက်တွန်းထားသည်။
ထို့အပြင် SPC က မြစ်ဝှမ်းဒေသအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ၌ ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း စံနမူနာပြဖြစ်ရပ်များအဖြစ် လမ်းညွှန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)


…………………………..
(English Version)
China to step up law enforcement coordination in Yangtze River Basin
BEIJING, Aug. 14 (Xinhua) — Chinese authorities on Thursday issued a guideline to enhance the coordination of law enforcement and judicial work within the Yangtze River Basin.
The document, released by the Supreme People’s Court (SPC), the Supreme People’s Procuratorate, and various central government departments, aims to establish consistent law enforcement and judicial standards in critical domains such as pollution control, the fishing ban in the Yangtze River, and river sand mining management.
The guideline stated support for administrative law enforcement authorities to conduct joint operations across various administrative regions, ecologically sensitive areas, and high-risk areas for ecological and environmental violations within the basin.
It also proposed to intensify efforts in ecological restoration collaboration, seeking to collectively establish a center with integrated roles of ecological restoration, judicial work and publicity.

Furthermore, the SPC disclosed exemplary cases highlighting effective coordination in law enforcement and judicial activities within the basin.
Photo:
An aerial drone photo taken on July 26, 2025 shows the Shuangliu Yangtze River Bridge after closure in central China’s Hubei Province. (Xinhua/Xiao Yijiu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.