China
တရုတ်နိုင်ငံ အလုပ်အကိုင်စျေးကွက် ဇူလိုင်တွင် ဆက်လက်တည်ငြိမ်

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အလုပ်အကိုင်စျေးကွက်သည် ဇူလိုင်လတွင် ဆက်လက်တည်ငြိမ်နေကြောင်း၊ လေ့လာဆန်းစစ် ချက်အရ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၅.၂ ရာခိုင်နှုန်းတွင်ရှိနေပြီး ယခင်လကထက် ၀.၂ ရာခိုင်နှုန်း မြင့်တက် ကြောင်း သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
လေ့လာဆန်းစစ်ချက်အရ ယခုနှစ် ပထမ ခုနစ်လ အတွင်း မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ပျမ်းမျှ ၅.၂ ရာခိုင်နှုန်း ရှိကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) အဆိုအရ သိရသည်။
ဘွဲ့ နှင်းသဘင်အခမ်းအနားများ ကျင်းပသည့်အချိန် အပါအဝင် အကြောင်းအချက်များ၏ သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ၏ မြို့ပြအလုပ်လက်မဲ့နှုန်းစစ်တမ်းအရ ရာသီအလိုက် တိုးလာခြင်းဖြစ်ကြောင်း NBS ပြောရေးဆိုခွင့်ရှိသူ ဖုလျင်ဟွေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဓိကအုပ်စုများအကြား အလုပ်အကိုင်ရရှိမှုသည် ဆက်လက်တည်ငြိမ်ဆဲ ဖြစ်သည်ဟုသိရသည်။ ဇူလိုင်လတွင် ကျေးလက်ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့နှုန်း ၄.၉ ရာခိုင်နှုန်း ရှိပြီး ပျမ်းမျှ အမျိုးသား မြို့ပြအလုပ်လက်မဲ့နှုန်း၏အောက်တွင်သာရှိသည် ဟု ဖုက ထပ်မံပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် မြို့ပြအလုပ်လက်မဲ့နှုန်းကို ၅.၅ ရာခိုင်နှုန်းဝန်းကျင်သာ ထားရှိရန်နှင့် မြို့ပြ အလုပ်အကိုင်သစ်ပေါင်း ၁၂ သန်းကျော် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
China’s job market remains stable in July
BEIJING, Aug. 15 (Xinhua) — China’s job market remained generally stable in July, with the surveyed urban unemployment rate standing at 5.2 percent, up 0.2 percentage points from the previous month, according to official data released on Friday.
In the first seven months of this year, the surveyed urban unemployment rate was 5.2 percent on average, according to the National Bureau of Statistics (NBS).
“Influenced by factors including the graduation season, China’s surveyed urban unemployment rate saw a seasonal increase,” Fu Linghui, NBS spokesperson, told a press conference.
Employment among key groups remained generally stable. In July, the unemployment rate for rural migrant workers stood at 4.9 percent, below the national average urban unemployment rate, Fu added.
China has set a target for a surveyed urban unemployment rate of around 5.5 percent in 2025 and aims to create over 12 million new urban jobs within the year.
Photo : Job seekers check post information at a job fair dedicated to the modern service sector in Hangzhou, east China’s Zhejiang Province, June 5, 2024. (Xinhua/Han Chuanhao)