China
တရုတ်နိုင်ငံက သိပ္ပံနှင့် နည်းပညာ ထူးချွန်လူငယ်များအတွက် K ဗီဇာအမျိုးအစားသစ် ထုတ်ပေးမည်

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ငယ်ရွယ်ထက်မြက်သည့် သိပ္ပံနှင့် နည်းပညာ ပါရမီရှင် ထူးချွန်လူငယ်များအတွက် ရည်ရွယ်သည့် ဗီဇာ အမျိုးအစားသစ်တစ်မျိုးကို ထုတ်ပေးရန်စီစဉ်နေကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ဆုံးဖြတ်ချက်တစ် အရ သိရသည်။
တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ၏ ပြည်ဝင်ပြည်ထွက်ကို စီမံခန့်ခွဲသည့် နိုင်ငံ၏လူဝင်မှု ကြီးကြပ်ရေးဥပဒေကို အနည်းငယ်ပြင်ဆင်ပြောင်းလဲသည့် ဆုံးဖြတ်ချက်အား အသက်ဝင်စေရန် နိုင်ငံတော်ကောင်စီ အမိန့်ကို တရုတ်ဝန်ကြီးချုပ် လီချန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ကောင်စီ၏ဆုံးဖြတ်ချက်အရ တရုတ်လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် ပုံမှန်ဗီဇာ အမျိုးအစားများထဲတွင် K ဗီဇာဟုခေါ်သည့် အမျိုးအစားသစ်တစ်မျိုးကို ထပ်ပေါင်းထည့်မည်ဖြစ်ကာ အဆိုပါဗီဇာကို အရည်အချင်းပြည့်မီသည့် သိပ္ပံနှင့် နည်းပညာကျွမ်းကျင်လူငယ်များက လျှောက်ထားရယူနိုင်မည်ဖြစ်သည်။
K ဗီဇာလျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာ တရုတ်နိုင်ငံအာဏာပိုင်များက ချမှတ်တောင်းဆို သော အရည်အချင်း၊ လိုအပ်ချက်များနှင့် ကိုက်ညီရမည့်အပြင် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများကိုလည်း တင်သွင်းနိုင်ရမည်ဖြစ်သည်။
K ဗီဇာသစ်ထုတ်ပေးမည့် အစီအစဉ်သစ်မှာ လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ အသက်ဝင်လာ မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံအစိုးရမှချီးမြှင့်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ဆုပေးအပ်ပွဲသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးနေပုံကို ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၃ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)
………………..
(English Version)
China to launch new type of visa for young science, technology professionals
BEIJING, Aug. 14 (Xinhua) — China will introduce a new visa category for young science and technology talents, following a decision by the State Council.
Premier Li Qiang has signed a State Council decree to promulgate the decision to amend the country’s regulation on the administration of foreigners’ entries and exits.
According to the decision, China will add a K visa to its ordinary visa categories, available to eligible young science and technology professionals.
Applicants for this visa must meet the qualifications and requirements set by relevant Chinese authorities and submit supporting documentation.
The new rules will take effect on Oct. 1.
Photo:
Attendees of an award ceremony for the 2025-2026 academic year Chinese Government Scholarship pose for a group photo in Colombo, Sri Lanka, Aug. 13, 2025. (The Chinese Embassy in Sri Lanka/Handout via Xinhua)