China
တိုဂိုနိုင်ငံတွင် တရုတ်ဆရာဝန်များက ဆေးဘက်ဆိုင်ရာ အခမဲ့ဝန်ဆောင်မှုများ ပံ့ပိုး

လိုမီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
တိုဂိုနိုင်ငံ ကိုဇာစီရင်စုမြောက်ပိုင်း ပိုင်ယာဒေသတွင် ဒေသခံပြည်သူများအား တရုတ်ဆရာဝန်များက သြဂုတ် ၁၄ ရက်၌ ဆေးဘက်ဆိုင်ရာ အခမဲ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာမှ ကြီးမှူးကျင်းပသည့် အဆိုပါဝန်ဆောင်မှုများ ပေးအပ်ပွဲကို တိုဂိုနိုင်ငံ၏ မြို့တော်လိုမီနှင့် ကာရာမြို့တို့တွင် လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့နှစ်ဖွဲ့က အထွေထွေရောဂါကု ဆေးပညာ၊ ခွဲစိတ်ကုသမှု ဆေးပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကု ဆေးပညာ၊ ဒဏ်ရာဗေဒနှင့် အပ်စိုက်ကုပညာဆိုင်ရာ တရုတ်အထူးကုဆရာဝန်ကြီးများနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်းလူနာ ၅၇၉ ဦးအား အခမဲ့ ဆွေးနွေးတိုင်ပင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က အထူးသဖြင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေ ရှားပါးတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ ကွန်တော်တို့ရဲ့ တိုဂိုနိုင်ငံသား ညီအစ်ကိုမောင်နှမတွေဆီ အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေသာမက တရုတ်လူမျိုးတွေရဲ့ စောင့်ရှောက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ပေးတာပါ” ဟု တိုဂိုနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များ၏ အကြီးအကဲ ပိုင်လီက ပြောကြားခဲ့သည်။
“တိုဂိုလူမျိုးတွေရဲ့ ကျန်းမာရေးရော ချမ်းသာသုခပါ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ကျွန်တော်တို့ရဲ့ တိုဂိုနိုင်ငံသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲပြီး ရှေ့လာမယ့် နေ့ရက်တွေမှာ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပိုင်ယာဒေသမှ အသက် ၂၈ နှစ်အရွယ် Tchabana Damba Prudence က ကလေးမီးဖွားစဉ် နောက်ဆက်တွဲပြဿနာများကြောင့် တင်ပါးဆုံ၊ ခါးနှင့် ဒူးနာကျင်ကိုက်ခဲမှုတို့ကို ရှစ်နှစ်ကြာ ခံစားလာခဲ့ရသည်။
အဆိုပါအခမဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်ပွဲအတွင်း ၎င်းက တရုတ်တိုင်းရင်းဆေးပညာ တိုင်ပင်ဆွေးနွေးမှုကို ရယူခဲ့ပြီး အပ်စိုက်ကုသမှုခံယူခဲ့သည်။ “ကျွန်မ တော်တော်လေး သက်သာသွားပါပြီ၊ ကျွန်မရဲ့ နာကျင်ကိုက်ခဲမှုဝေဒနာက သိသိသာသာကိုပဲ လျော့သွားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာ၏ အကြီးအကဲ Yovon Damesi က တိုဂိုနိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ပဏာမခြေလှမ်းများကို အားကောင်းစေလိုက်သည့် တိုဂိုနှင့် တရုတ်နိုင်ငံတို့ကြား အဆိုပါကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ယူခဲ့ကြောင်း သိရသည်။ (Xinhua)

တိုဂိုနိုင်ငံ ကိုဇာစီရင်စု ပိုင်ယာဒေသရှိ ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာတွင် ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်၌ တိုဂိုနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ဆရာဝန်တစ်ဦး (လယ်) က လူနာတစ်ဦးအား စမ်းသပ်ကြည့်ရှုနေစဥ် (ဆင်ဟွာ)

တိုဂိုနိုင်ငံ ကိုဇာစီရင်စု ပိုင်ယာဒေသရှိ ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာတွင် ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်၌ တိုဂိုနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ဆရာဝန်တစ်ဦးက လူနာတစ်ဦးအား အပ်စိုက်ကုသပေးနေစဥ် (ဆင်ဟွာ)
————————–
(English Version)
Chinese doctors provide free medical services in Togo
LOME, Aug. 15 (Xinhua) — Chinese doctors on Thursday provided free clinical services to local people in the Pya area of northern Togo’s Kozah Prefecture.
The event, hosted by the Pya Medical and Social Center, was jointly carried out by the two Chinese medical teams currently working in Togo’s Lome and Kara, with Chinese specialists in internal medicine, surgery, gynecology, traumatology, and acupuncture conducting a total of 579 free consultations.
“We give not only high-quality medical services, but also Chinese people’s care and love, to our Togolese brothers and sisters, especially those living in rural areas where medical resources are relatively scarce,” said Bai Li, head of the Chinese medical teams in Togo.
“We look forward to continuing, in the days ahead, to work hand in hand with our Togolese colleagues to jointly improve the health and well-being of Togolese people,” he added.
Tchabana Damba Prudence, a 28-year-old from Pya, had endured eight years of pelvic, lower back, and knee pain caused by complications during childbirth.
During the free clinical services event, she received a traditional Chinese medicine consultation with acupuncture treatment. “I already feel great relief; my pain has significantly decreased,” she said.
Yovon Damessi, head of the Pya Medical and Social Center, lauded the health cooperation between Togo and China, which has bolstered initiatives to improve the health conditions of Togolese people. ■
English Caption 1
A doctor (L) of the Chinese medical team in Togo performs acupuncture treatment on a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)
English Caption 2
A doctor (C) of the Chinese medical team in Togo examines a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)
English Caption 3
A doctor of the Chinese medical team in Togo performs acupuncture treatment on a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)