Connect with us

China

တရုတ်နိုင်ငံရှိ လူပုံစံတူစက်ရုပ်အားကစားပွဲက ကမ္ဘာ့နည်းပညာဆန်းသစ်မှုကို မီးမောင်းထိုးဖော်ပြနေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ်အားကစားပွဲ၊ ကစ်ဘောက်ဆင်ပြိုင်ပွဲ၌ လူပုံစံတူစက်ရုပ်များ ယှဉ်ပြိုင်နေကြပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဩဂုတ် ၁၇ ရက်က ကျင်းပပြီးစီးခဲ့ပြီး ကမ္ဘာ့ပထမဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ်အားကစားပွဲတွင် အားလုံးစောင့်မျှော်ခဲ့ကြသည့် အသင်းတစ်သင်းလျှင် စက်ရုပ်ဘောလုံးသမား ငါးဦးစီပါဝင်သော တရုတ်နိုင်ငံမှ Tsinghua Hephaestus အသင်းက ဂျာမနီမှ HTWK Robots နှင့် Nao Devils တို့ ပူးတွဲအသင်းအား အနိုင်ရရှိကာ ချန်ပီယံ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်၏ Mountain & Sea အသင်းက ဂျာမနီနိုင်ငံမှ Sweaty အသင်းအား စက်ရုပ်ဘောလုံးသမား သုံးဦးစီပါဝင်သည့် ဖိုင်နယ်ပွဲတွင် အနိုင်ရရှိခဲ့သည်။
စက်ရုပ်အားကစားပွဲကို ဩဂုတ် ၁၄ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံ ၁၆ နိုင်ငံမှ အသင်းပေါင်း ၂၈၀ သင်းက ပြိုင်ပွဲ၊ ပြပွဲနှင့် စိတ်ကူးယဉ်အခြေခံ အစီအစဉ်များ စသည့် အခမ်းအနား ၂၆ ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ သတ္တု၊ ချိ(ပ်)ပြားနှင့် အယ်လ်ဂိုရစ်သမ်များက ဉာဏ်ရည်ရှိသော လူပုံစံစက်ရုပ်များက တင်ဆက်ပြသသည့် ထွန်းသစ်စနယ်ပယ်အတွက် အများပြည်သူများအားပြသရာစင်မြင့်နှင့် နည်းပညာကူးလူးဖလှယ်မှုပလက်ဖောင်း အဖြစ်လည်း ပံ့ပိုးပေးလျက်ရှိသည်။
စက်ရုပ်အားကစားပွဲတွင် မီတာ ၁၀၀၊ မီတာ ၄၀၀၊ မီတာ ၁,၅၀၀၊ အလျားခုန်၊ အလွတ်တမ်း ကျွမ်းဘားပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲ စသည့် ပြိုင်ပွဲအစီအစဉ်များ ပါဝင်သည်။ ထို့ပြင် ပတ်ဝန်းကျင်အခြေအနေကို နမူနာအခြေခံထားသည့် အစီအစဉ်များကို စက်ရုံများ၊ ဆေးရုံများနှင့် ဟိုတယ်များ စသဖြင့် အပြင်လောကတွင် အမှန်တကယ်ရှိသောအရာများနှင့် အသွင်တူအောင် ဖန်တီးထားသလို စက်ရုပ်တစ်ရုပ်ချင်း၊ အဖွဲ့လိုက် ကခုန်ခြင်းအပြင် ဝူရှူးအားကစား စသည်တို့ကိုလည်း ထည့်သွင်းထားကြောင်း၊ ထိုစိန်ခေါ်မှုများမှာ လူပုံစံတူစက်ရုပ်များအတွက် အမြင့်မားဆုံး စမ်းသပ်မှုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/510

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ အားကစားရုံအတွင်း နိုင်ငံတကာအာကစားအဖွဲ့ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့လူပုံစံတူစက်ရုပ်အားကစားပွဲအတွင်း 3V3 ဘောလုံးပြိုင်ပွဲ၌ လူပုံစံတူစက်ရုပ်များ ယှဉ်ပြိုင်နေကြပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Humanoid robot games in China spotlight global tech innovation
BEIJING, Aug. 17 (Xinhua) — At the 2025 World Humanoid Robot Games, the first of its kind globally, which wrapped up on Sunday in Beijing, the much-anticipated robot five-a-side soccer saw Tsinghua Hephaestus from China emerge victorious, defeating the joint team of Germany’s HTWK Robots and Nao Devils to claim the championship. China Agricultural University’s Mountain & Sea beat Sweaty from Germany in three-a-side soccer final.
The robot games kicked off on Thursday, featuring 280 teams from 16 countries competing across 26 events in categories such as competition, exhibition and scenario-based events. This clash of metal, chip and algorithm provided a public showcase and technical exchange platform for the emerging field of embodied intelligence represented by humanoid robots.
The competition included events such as the 100m, 400m, 1500m, standing long jump, free gymnastics and soccer. The exhibition featured individual and group dance, as well as wushu, while scenario-based events simulated real-world settings such as factories, hospitals and hotels. Together, these challenges served as the ultimate test for humanoid robots. xhtxs.cn/510
Photo 1: Humanoid robots combat during a kickboxing match at the 2025 World Humanoid Robot Games in Beijing, capital of China, Aug. 15, 2025. (Xinhua/Ju Huanzong)
Photo 2: The international squad march in the stadium during the opening ceremony of the 2025 World Humanoid Robot Games in Beijing, capital of China, Aug. 14, 2025. (Xinhua/Zhang Chenlin)
Photo 3: Humanoid robots compete during a 3V3 soccer match at the 2025 World Humanoid Robot Games in Beijing, capital of China, Aug. 15, 2025. (Xinhua/Ju Huanzong)