Connect with us

China

တရုတ်နိုင်ငံတောင်ပိုင်းတွင် ငါးတက်ဆင်းလမ်း စောင့်ကြည့်စနစ်သစ် စတင်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့ ကိုဖြတ်သန်းသွားသည့် Pinglu တူးမြောင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က အပေါ်စီးက တွေ့ရစဥ် (ဆင်ဟွာ)

နန်နင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဂေဟဗေဒ စောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေး တိုးတက်မှုအသစ်အဖြစ် Pinglu တူးမြောင်းတစ်လျှောက် အဓိကငါးတက်ဆင်းလမ်း ခေတ်မီစောင့်ကြည့်ရေးစနစ်သစ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
Western Land-Sea စင်္ကြံလမ်းသစ်၏ အဓိကကျသည့်စီမံကိန်းတစ်ခုအဖြစ် အကွာအဝေး ၁၃၄.၂ ကီလို မီတာခန့် ရှိသည့် Pinglu တူးမြောင်းသည် နန်နင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ချင်ကျိုး မြို့ တို့ကို ဖြတ်သန်းကာ Beibu ပင်လယ်ကွေ့သို့ စီးဝင်ကြောင်းသိရသည်။
ယမန်နှစ် ဧပြီလက အတည်ပြုခဲ့သည့် ငါးတက်ဆင်းလမ်း အစီအစဥ်တွင် အဓိကအဆောက်အအုံ ခြောက်ခု ပါဝင်သော စောင့်ကြည့်စနစ်တစ်ခုနှင့် ပြည့်စုံသောသတင်းပလက်ဖောင်းတစ်ခု စီစဥ်ထားသည်။ AI အသိ အမှတ်ပြုမှုနှင့် ဆိုနာပုံရိပ်ဖော်နည်းပညာများက ငါးအရေအတွက် ၊မျိုးစိတ်နှင့်အချိန်နှင့်တစ်ပြေးညီ ရွေ့လျားမှု ကို‌ခြေရာခံနေစဥ် ရေအောက်အလင်းရောင်ဆွဲဆောင်မှုက ငါးများကို လမ်းကြောင်းအတွင်းသို့ လမ်းညွန်မည် ဖြစ်ကြောင်း Pinglu Canal ဂရု(ပ်)ကုမ္ပဏီလီမိတက်၏အဆိုအရ သိရသည်။
ငါးတက်ဆင်းလမ်း အစီအစဥ်သည် Pinglu တူးမြောင်းကို စိမ်းလန်းသောစီမံကိန်းအဖြစ် ဖော်ဆောင်မှုတွင် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး တူးမြောင်း၏ ဂေဟဗေဒ ကာကွယ်ထိန်းသိမ်းရေးလုပ်ဆောင်မှု အတွက် အရေးပါမှုတစ်ခု ဖြစ်လာခဲ့သည်။ တာဝန်ရှိသူများသည် ကမ္ဘာ့အဆင့်မီ ဂေဟစနစ်ရေလမ်းကြောင်းတစ်ခု၏ ဖွံဖြိုးတိုးတက်မှုကိုထောက်ကူပေးမည့် စောင့်ကြည့်စနစ်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရ သည်။ (Xinhua)
………………………..
(English Version)
New fishway monitoring system launched in south China
NANNING, Aug. 20 (Xinhua) — A smart monitoring system of a key fishway along the Pinglu Canal has officially started operating, marking new progress in ecological protection.
As a core project of the Western Land-Sea New Corridor, the Pinglu Canal spans approximately 134.2 km, crossing Nanning and Qinzhou in south China’s Guangxi Zhuang Autonomous Region and flowing into the Beibu Gulf.
Approved in April last year, the fishway features a monitoring system with six core facilities and a comprehensive information platform. Underwater attraction lights guide fish into the channel, while AI recognition and sonar imaging technologies track numbers, species and movements in real time, according to Pinglu Canal Group Co., Ltd.
The fishway represents a significant step in making the Pinglu Canal a green project, and has become a highlight of the canal’s ecological protection efforts. Authorities will continue optimizing the monitoring system to support the development of a world-class ecological waterway.
Photo : This aerial photo taken on Dec. 24, 2023 shows a watercourse of the Pinglu Canal running through the city in Qinzhou, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)