Connect with us

China

တရုတ်နိုင်ငံတွင် ကြီးမားသော နုန်းကျောက်ဓာတ်ငွေ့တွင်းများကို တူးဖော်တွေ့ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် အန်းရှီး ထူကျားလူမျိုး၊ မြောင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လိချွမ်းမြို့ရှိ ဟုန်ရှင်း နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တို့ ဆုံသည့်နေရာတွင် တည်ရှိသော ဓာတ်ငွေ့လုပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ပမာဏ ကုဗမီတာ ၁၆၅ ဘီလီယံကျော် ထုတ်လုပ်နိုင်မည့် နုန်းကျောက်ဓာတ်ငွေ့တွင်းများ တူးဖော်တွေ့ရှိမှုကို နိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီ သုံးခုအနက်မှ တစ်ခုဖြစ်သည့် China Petrochemical Corporation (Sinopec) က ဩဂုတ် ၂၁ ရက်၌ ကြေညာခဲ့သည်။
အဆိုပါတူးဖော်တွေ့ရှိမှုမှာ တရုတ်နိုင်ငံတွင် ပမာဏများပြားသော နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်တစ်ခု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်ကာ ဟုန်ရှင်း နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်ဟု အမည်ပေးထားကြောင်း သိရသည်။
ယင်းနေရာရှိ နုန်းကျောက်ဓာတ်ငွေ့တွင်းများကို မြေအေက်အနက် ၃,၃၀၀ မှ ၅,၅၀၀ မီတာအကြား၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Sinopec ၏ ထုတ်ပြန်ချက်အရ ဘူမိဗေဒဖွဲ့စည်းပုံမှာ ရှုပ်ထွေးကာ စူးစမ်းလေ့လာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း သိရသည်။
ဟုန်ရှင်း နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်က တစ်ရက်လျှင် ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏ ကနဦး ၈၉,၀၀၀ ကုဗမီတာမှ ၃၂၃,၅၀၀ ကုဗမီတာသို့ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့် ဓာတ်ငွေ့တွင်းတစ်တွင်းတည်း၌ စမ်းသပ်မှုကို နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကြောင့် အောင်မြင်ပြီးဖြစ်သည်။
လက်ရှိတွင် Sinopec က ဓာတ်ငွေ့ထုတ်လုပ်မှု ကုဗမီတာ ၁ ထရီလီယံအထက်ရှိသော ဓာတ်ငွေ့တွင်းများရှိသော ချုံချင့်မြို့ရှိ ဖူလိန် နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်နှင့် ယခုနောက်ဆုံးတူးဖော်တွေ့ရှိခဲ့သော ဟုန်ရှင်း နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်အပါအဝင် ဓာတ်ငွေ့ထုတ်လုပ်မှု ကုဗမီတာ ၁၀၀ ဘီလီယံကျော်ရှိသော ဓာတ်ငွေ့တွင်းများ အသီးသီးရှိကြသည့် ပို၍သေးငယ်ပြီး နက်ရှိုင်းသော နုန်းကျောက်ဓာတ်ငွေ့လုပ်ကွက်လေးခုတို့ကို တည်ထောင်ထားသည်။ (Xinhua)
…………………….
(English Version)
China discovers large shale gas reserves

WUHAN, Aug. 22 (Xinhua) — The China Petrochemical Corporation (Sinopec), one of the country’s three biggest oil companies, on Thursday announced the discovery of more than 165 billion cubic meters of proven shale gas reserves in a field located at the junction of Hubei Province in central China and southwest China’s Chongqing Municipality.
This discovery marks the emergence of another large-scale shale gas field in China, with this find named the Hongxing shale gas field.
The shale gas reserves at this site were found at depths between 3,300 and 5,500 meters. The geological structure is complex — which presents significant challenges in terms of exploration and development, according to Sinopec.
With technological innovation, the Hongxing shale gas field has achieved a single-well test production volume of 323,500 cubic meters per day — up from an initial 89,000 cubic meters per day.
Currently, Sinopec has established one shale gas field with reserves above 1 trillion cubic meters, namely the Fuling shale gas field in Chongqing, and four smaller and deep shale gas fields each with reserves exceeding 100 billion cubic meters, including the Hongxing field. ■

English Caption
An aerial drone photo taken on Feb. 26, 2025 shows a scene at the Hongxing shale gas field in Lichuan City, Enshi Tujia and Miao Autonomous Prefecture, central China’s Hubei Province. (Photo by Song Guoliang/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.