Connect with us

China

တရုတ်နိုင်ငံတွင် ကလေးပြုစုစောင့်ရှောက်မှုထောက်ပံ့ကြေးများ ပုဂ္ဂလိကဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ပြုမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့ရှိ မူကြိုတစ်ခုတွင် ဆရာမများနှင့်မိဘများက ကလေးများနှင့်ကစားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ကလေးပြုစုစောင့်ရှောက်မှုထောက်ပံ့ကြေးများကို ပုဂ္ဂလိကဝင်ငွေခွန်မှကင်းလွတ်ခွင့်ပြုမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်အကောက် စီမံခန့်ခွဲရေး ဌာနတို့ မှ ထုတ်ပြန်သည့် ကြေညာလွှာအရ သိရသည်။
အခွန်ကင်းလွတ်မှု ပြီးစီးအောင်မြင်အောင်ဆောင်ရွက်မှု သေချာစေရန် ကျန်းမာရေးဌာနတာဝန်ရှိသူများသည် ဘဏ္ဍာရေးနှင့်အခွန်ဌာနများနှင့်အတူ သတင်းအချက်အလက်မျှဝေမှုလုပ်ငန်းစဥ်တစ်ခု တည်ထောင်မည် ဖြစ်သည်။ ခရိုင်အဆင့် ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် အခွန်ကင်းလွတ်မှုခံစားခွင့်ရှိသူများ၏ လျှောက်လွှာများကို စည်းမျဥ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် မိသားစုများအားထောက်ပံ့ရန်နှင့် ကလေးမွေးဖွားမှုကိုအားပေးရန် ပိုမိုကျယ်ပြန့်သည့်လုပ်ဆောင်ချက်အဖြစ် ၂၀၂၅ ခုနှစ်မှစတင်၍ နိုင်ငံအနှံ့ ကလေးပြုစုစောင့်ရှောက်ရေးထောက်ပံ့မှု အစီအစဥ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဥ်အရ မိသားစုများသည် အသက်သုံးနှစ်အောက် ကလေးတစ်ဦးစီ အတွက် တစ်နှစ်လျှင် ယွမ် ၃,၆၀၀ (အမေရိကန်ဒေါ်လာ ၅၀၄ ဒေါ်လာခန့်) လျှောက်ထားနိုင်မည် ဖြစ်သည်။ (Xinhua)
……………………….
(English Version)
China exempts childcare subsidies from individual income tax
BEIJING, Aug. 20 (Xinhua) — China will exempt childcare subsidies from individual income tax effective from Jan. 1, 2025, according to a notice released by the Ministry of Finance and the State Taxation Administration on Wednesday.
To ensure the implementation of tax exemption, health authorities will work with finance and tax departments to establish an information-sharing mechanism. County-level health authorities will handle applications for tax exemptions by eligible individuals in accordance with regulations.
China has introduced a nationwide childcare subsidy program starting in 2025, as part of broader efforts to support families and encourage childbirth. The program offers families 3,600 yuan (about 504 U.S. dollars) per year for each child under the age of three.
Photo :Teachers and parents play games with children at a kindergarten in Rizhao City, east China’s Shandong Province, Feb. 20, 2025. (Xinhua/Guo Xulei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.