Connect with us

China

ယူနန် သဘာဝဘေးကယ်ဆယ်ရေး အထောက်အပံ့အဖြစ် တရုတ်နိုင်ငံက ယွမ်သန်း ၃၀ ခွဲဝေပေး မည်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ‌ကွေ့ကျိုးပြည်နယ် Rongjiang ခရိုင်တွင် ဒေသခံများအား‌ ရွှေ့ပြောင်း ပေးနေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အမျိုးသားဖွံဖြိုးမှုနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က ရေလွှမ်းမိုးမှုများ နှင့်ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ်များကြုံခဲ့ရသည့် ယူနန်ပြည်နယ် ကို အကူအညီပေးရန် ဗဟိုအစိုးရဘတ်ဂျက်မှ ယွမ်သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄.၂၁ သန်းခန့်) သြဂုတ် ၂၂ ရက်တွင် ခွဲဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါရန်ပုံငွေများသည် ပုံမှန်ဘဝနှင့်ကုန်ထုတ်လုပ်မှုများ ဖြစ်နိုင်သမျှမြန်မြန် ပြန်လည်လည်ပတ်စေရန် ပျက်စီးသွားသည့်လမ်းများ အရေးပေါ် ပြင်ဆင်ရေး၊ ရေထိန်းသိမ်းရေး အဆောက်အအုံများနှင့်အခြား အများ ပြည်သူဝန်ဆောင်မှုအခြေခံအဆောက်အအုံများဆီသို့ တိုက်ရိုက်ရောက်ရှိမည် ဟု ကော်မရှင်က ပြောကြား ခဲ့သည်။
ယူနန်ပြည်နယ်တစ်ဝန်းတွင် သြဂုတ် လလယ် ကတည်းက မိုးသည်းထန်မှုများကြောင့် ရေကြီးမှုများနှင့် ဘူမိဗေဒ ဆိုင်ရာ သဘာဝဘေးများ ဖြစ်ပေါ်စေခဲ့သည်။ သဘာဝဘေးတားဆီးကာကွယ်ရေး၊ လျှော့ချရေးနှင့်ကယ်ဆယ် ရေးအမျိုးသားကော်မရှင် က သြဂုတ် ၂၂ ရက်တွင် အဆိုပါပြည်နယ်၌ သဘာဝဘေးကယ်ဆယ်ရေး အဆင့်လေး အရေးပေါ်တုံပြန်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China allocates 30 mln yuan to support disaster relief in Yunnan
BEIJING, Aug. 22 (Xinhua) — China’s National Development and Reform Commission on Friday allocated 30 million yuan (about 4.21 million U.S. dollars) from the central budget to help Yunnan Province cope with the aftermath of severe flooding and geological disasters.
The funds will be directed toward emergency repairs of damaged roads, water conservancy facilities and other public-service infrastructure so that normal life and production can be restored as quickly as possible, the commission said.
Since mid-August, heavy rain has triggered widespread flooding and geological disasters across parts of Yunnan. The national commission for disaster prevention, reduction and relief on Friday activated a Level-IV emergency response for disaster relief in the province.
Photo : Rescuers evacuate residents in Rongjiang County, southwest China’s Guizhou Province, June 28, 2025. (Xinhua/Liu Xu)