China
အာရှ၏ အရှည်ဆုံး တိုင်ရာနိုဆော ပေါင်ရိုး ကျောက်ဖြစ်ရုပ်ကြွင်း တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် တွေ့ရှိ

ကျိနန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျူးချိန်မြို့ရှိ သုတေသီများက ထူးထူးခြားခြား ၁.၂၁ မီ တာ အရှည်ရှိ ကြီးမားသော တိုင်ရာနိုဆော (tyrannosaur) ပေါင်ရိုး ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု တွေ့ရှိခဲ့ကြောင်း အတည် ပြုပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံများမှ ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသူ သိပ္ပံပညာရှင်များနှင့် ပူးတွဲ လေ့လာဆန်းစစ်မှုတွင် အာရှ၌ တွေ့ရှိခဲ့ရသမျှ အရှည်ဆုံး တိုင်ရာနိုဆော ပေါင်ရိုးကျောက်ဖြစ်ရုပ်ကြွင်း အဖြစ် အတည်ပြုခဲ့သည်။
သုတေသနအဖွဲ့သည် အကျယ် ၂၈ စင်တီမီတာကျော်ရှိသည့် ကြီးမားသော တိုင်ရာနိုဆော၏ ကျောရိုးဆစ်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါကျောရိုးဆစ်၏ အရွယ်အစားနှိုင်းယှဥ်ချက်အရ အကြီးဆုံး တိုင်ရာနိုဆော rex နမူနာတစ်ခုဖြစ်သော Sue ၏ နမူနာများနှင့် နီးနီးစပ်စပ် တူညီနေကြောင်း သိရသည်။
၁၂ မီတာကျော်ရှည်သောကြီးမားသည့် ပေါင်ရိုး နှင့်ပေါင်းစပ်ကြည့်မည်ဆိုလျှင် ကျူးချိန်မြို့တွင် တစ်ချိန်က ၁၂ မီတာကျော်လွန်သောတိုင်ရာနိုဆော Sue ၏အရွယ်အစားနှင့်နီးစပ်သော ဒိုင်နိုဆောများ တည်ရှိခဲ့ကြောင်း သိရ သည်။
အထူးသဖြင့် ကျူးချိန်မြို့တွင် ကျူးချိန်ဒိုင်နိုဆောကြီးဟု အတည်ပြုခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့ပြီး တိုင်ရာနိုဆော မျိုးစိတ်များ၏ဧရိယာအဖြစ် လက်ရှိတွင် အသိအမှတ်ပြုထားကြောင်းသိရသည်။
“အသစ်တွေ့ရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေက Zhuchengtyrannus magnus မျိုးစိတ်ဟုအတည်ပြုရန် နောက် ထပ်သက်သေပြချက်တွေ လိုအပ်ပါသေးတယ်။ သူတို့ရဲ့အတိုင်းအတာတွေက အာရှတိုက်၏အကြီးဆုံး တိုင်ရာ ဆောရပ်လို့ အတည်ပြုသလို ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိမှုအသစ်တွေက တိုင်ရာဆောရပ်တွေ အာရှတိုက်မှာ အခြေပြုပေါ်ပေါက်ခဲ့ကြောင်း သက်သေခံပေးနေကြောင်း ကျူးချိန်ဒိုင်နိုဆော ယဥ်ကျေးမှု သုတေသနစင်တာမှ ချန်စုချင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဒိုင်နိုဆောမြို့ဟု ချစ်စနိုးနာမည်ပေးထားသည့် ကျူးချိန်မြို့တွင် တရုတ်နိုင်ငံသိပ္ပံအကယ်ဒမီ အပါအဝင် အဖွဲ့အစည်းများမှ ဒိုင်နိုဆောမျိုးစိတ်သစ် ၁၀ ခုကျော် အမည်သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #Fossil #Identified #ကျောက်ဖြစ်ရုပ်ကြွင်း #ဒိုင်နိုဆော #တွေ့ရှိ
…………………….
(English Version)
Asia’s longest tyrannosaur femur fossil identified in east China
JINAN, Aug. 24 (Xinhua) — Researchers in Zhucheng, east China’s Shandong Province, have identified an exceptionally large tyrannosaur femur fossil, measuring 1.21 meters in length.
After joint analysis efforts also involving paleontologists from the United States and Canada, it was confirmed as the longest tyrannosaur femur ever found in Asia.
The research team also identified a massive tyrannosaur vertebra fossil exceeding 28 centimeters in width. Size comparisons show this vertebra closely matches those of Sue — one of the largest known Tyrannosaurus rex specimens.
Combined with the oversized femur, this indicates that Zhucheng once hosted tyrannosaurs rivaling Sue in terms of size — exceeding 12 meters long, according to the researchers.
Zhucheng, notably, has previously yielded fossils identified as the Zhuchengtyrannus magnus, currently recognized as the area’s confirmed tyrannosaur species.
“While further identification is needed to confirm if the new fossils belong to the known Zhuchengtyrannus magnus, their dimensions substantiate its status as Asia’s largest tyrannosaur. They also provide new fossil evidence supporting the hypothesis that Tyrannosauruses originated in Asia,” said Chen Shuqing from Zhucheng’s dinosaur culture research center.
Nicknamed “China’s dinosaur city,” Zhucheng has seen over 10 new dinosaur species named by institutions including the Chinese Academy of Sciences.
Photo : Specimens of dinosaurs are seen in Zhucheng, east China’s Shandong Province, Aug. 27, 2010. (Xinhua/Fan Changguo)