China
တရုတ်နိုင်ငံ ရှင်းကျန်းတွင် ပြုလုပ်သည့်ရပ်ဝန်းနှင့်ပိုးလမ်းမပြိုင်ပွဲ၌ နိုင်ငံပေါင်း ၂၀ ကျော်မှ လက်ဝှေ့သမားများ ပါဝင်ယှဥ်ပြိုင်

ဝူးလူမုချီ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
၂၀၂၅ ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာလူငယ်လက်ဝှေ့ဖလှယ်ပြိုင်ပွဲကို သြဂုတ် ၂၅ ရက်က တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် စတင်ကျင်းပခဲ့သည်။
ပွဲဦးထွက် ဖွင့်ပွဲယှဥ်ပြိုင်မှုအဖြစ် ၈၀ ကီလိုဂရမ်တန်းတွင် တရုတ်နိုင်ငံမှ Shinar Haru က ကျူးဘားနိုင်ငံမှ ဂျက်ဖာဆင်ကို ဒိုင်အမှတ် ၃-၂ ဖြင့် ကပ်၍အနိုင်ရရှိခဲ့သည်။
“ကျွန်တော့်ရဲ့ပြိုင်ဘက်က ကျူးဘားနိုင်ငံရဲ့ချန်ပီယံတစ်ယောက်ပါ၊ အခုပွဲက ဒုတိယမြောက်တွေ့ဆုံတဲ့ပွဲပါ၊ ပထမတစ်ကြိမ်တုန်းက ကျွန်တော် ရှုံးနိမ့်ခဲ့ပါတယ်” ဟု Shinar ကပြောဆိုခဲ့သည်။ “ဒီနေ့ပွဲက ခက်ခဲကြမ်းတမ်း ပါတယ်၊ ဒါပေမဲ့ ဒီကနေ ကျွန်တော် အတွေ့အကြုံ တော်တော် ရခဲ့ပါတယ် အပြန်အလှန် တိုက်ခိုက်မှုမှာ ကျွန်တော်ရဲ့လျင်မြန်တဲ့ နည်းစနစ်က အထောက်အကူပေးခဲ့ပါတယ်” ဟု Shinar က ပြောဆိုခဲ့သည်။
ယခုပြိုင်ပွဲကို တတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လူငယ်အားကစားသမားများအကြား လက်ဝှေ့ စွမ်းရည်တိုးတက်စေရန်နှင့် ယဥ်ကျေးမှုဆက်ဆံရေး အားကောင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။ တရုတ်နိုင်ငံ အပါအဝင် ကျူးဘား၊ ကာဇက်စတန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားစသည့် နိုင်ငံပေါင်း ၂၀ မှ လက်ဝှေ့အားကစားသမားများ၊ နည်းပြများနှင့် ဝန်ထမ်းပေါင်း ၄၀၀ ကျော် ပူးတွဲလေ့ကျင့်မှုများ တစ်ပတ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံမှ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး လက်ဝှေ့သမား ၁၈ ဦး အပါအဝင် နည်းပြများ၊ အကူအညီပေးရေးဝန်ထမ်းများနှင့်အတူ အဖွဲ့ဝင် ၅၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။
“ဒီပြိုင်ပွဲကတစ်ဆင့် လူငယ်အားကစားသမားတွေရဲ့ အဆင့်အတန်းကို မြှင့်တင်ပြီး လာမယ့်နှစ်မှာ ပြုလုပ်မည့် ဒါကာလူငယ်အိုလံပစ် (Dakar Youth Olympics) အတွက် ပြင်ဆင်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသမီးအဖွဲ့ နည်းပြချုပ် Jitender Raj Singh က ပြောကြားခဲ့သည်။ ၎င်းက “ရှင်းကျန်းမြို့က စီစဥ်သူတွေ အလုပ်ကြီး တစ်ခု လုပ်ပြီးခဲ့ပါပြီ၊ ဒါဟာ အလွန်ကောင်းမွန်တဲ့ ယဥ်ကျေးမှု ဖလှယ်ခြင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“အတူတူလေ့ကျင့်ရတဲ့နေ့တွေက ကျွန်တော်အိမ်မှာလေ့ကျင့်တာထက် ပိုကောင်းပါတယ်” ဟု အသက် ၁၆ နှစ်အရွယ် ကာဇက်စတန် လက်ဝှေ့သမား Zhangeldi Alken က ပြောဆိုပါသည်။ “နည်းစနစ်တော်တော်များများ သင်ယူနိုင်ခဲ့ပြီး အများအပြား အပြန်အလှန်ဖလှယ်နိုင်ခဲ့ပါတယ်၊ ဒီလို အခွင့်အလမ်းမျိုးပိုပြီးရဖို့ မျှော်လင့်ပါတယ်”
ယခုပြိုင်ပွဲကို သြဂုတ် ၃၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ ဝူးလူမုချီမြို့နှင့် ကာဇက်စတန်နိုင်ငံ နယ်ခြားမြို့ ဟူးဟော့တွင် ပြိုင်ပွဲအစီအစဥ်များ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ လက်ဝှေ့ပြိုင်ပွဲများနှင့်အတူ နည်းပြများ၏ ဆွေးနွေးပွဲများနှင့်ဒိုင်လူကြီးများ၏အလုပ်ရုံဆွေးနွေးပွဲ အစီအစဥ်များလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Boxers from 20 countries compete in Belt and Road tournament in Xinjiang
URUMQI, Aug. 25 (Xinhua) — The 2025 Belt and Road International Youth Boxing Exchange Tournament opened Monday in Urumqi, capital of China’s Xinjiang Uygur Autonomous Region.
The opening bout in the 80-kilogram category went to China’s Shinar Haru, who edged Cuba’s Jeferson by a 3-2 split decision.
“My opponent is a national champion from Cuba. This was our second meeting, and I lost the first one,” Shinar said. “Today’s fight was tough, but I gained a lot from it. The back-and-forth helped me sharpen my technique.”
The event, now in its third edition, aims to strengthen cultural ties and improve boxing skills among young athletes from across the world. More than 400 boxers, coaches and staff from 20 countries, including China, Cuba, Kazakhstan, India and South Korea, are taking part following a week of joint training.
India sent a 57-member delegation, including 20 men and 18 women boxers, along with coaches and support staff.
“We want to use this tournament to raise the level of our young athletes and prepare for the Dakar Youth Olympics next year,” India women’s team head coach Jitender Raj Singh said. “The organizers in Xinjiang have done a great job. This is also a very good opportunity for cultural exchange.”
“Training together these days has helped me much more than training at home,” said 16-year-old Kazakh boxer Zhangeldi Alken. “I learned a lot of techniques and had many exchanges. I hope there will be more opportunities like this.”
The tournament runs through Aug. 30, with competitions scheduled in Urumqi and in Horgos, a Chinese border city with Kazakhstan. Alongside the fights, the program also features coaching seminars and referee workshops.
Photo : Li Qian (in red) of China competes against Atheyna Bibeichi Bylon of Panama in the women’s 75kg final at the Paris 2024 Olympic Games in Paris, France, Aug. 10, 2024. (Xinhua/Jiang Wenyao)