Connect with us

China

တရုတ်နိုင်ငံတွင် ပေကျင်း၊ ထျန်းကျင်းနှင့် ဟဲပေအတွက် ရေကြီးမှုထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်မှု စတင်လုပ်ဆောင်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ ရေလွှမ်းမိုးနေသည့်လမ်း တစ်ခုတွင် ဖြတ်သန်းသွားသူများအား သွားလာမှုမလုပ်ရန်တားဆီးနေသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကို ၂၀၂၄ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနသည် မိုးသည်းထန်မည့်ခန့်မှန်းချက်များအရ ပေကျင်းနှင့်အနီးဝန်းကျင် ထျန်းကျင်းမြို့နှင့် ဟဲပေပြည်နယ်တို့တွင် သြဂုတ် ၂၆ ရက်က ရေကြီးမှုထိန်းချုပ်ရေးအတွက် အဆင့်လေး အရေးပေါ်တုံ့ပြန်မှု စတင်လုပ်ဆောင်နေပြီဖြစ်သည်။
မိုးလေဝသခန့်မှန်းချက်များအရ တရုတ်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည့် ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ စသည့်ဒေသများတွင် သြဂုတ် ၂၆ နှင့် ၂၈ ရက်များ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
တာ့ချင့် မြစ်နှင့် ရုန်တိန့်မြစ် အပါအဝင် ဟိုင်ဟယ်မြစ်ဝှမ်းဒေသရှိ မြစ်တချို့တွင် မြစ်ရေလယ်ဗယ် မြင့်တက်လာနိုင်ပြီး မုန်တိုင်းတိုက်ခတ်သည့်ဒေသများရှိ အသေးစား၊ အလတ်စားမြစ်များတွင်လည်း စိုးရိမ်ရေမှတ် ကျော်လွန်ကာ ရေကြီးရေလျှံမှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
ဒေသတာဝန်ရှိသူများအနေဖြင့် မိုးရွာသွန်းမှုနှင့် ရေကြီးမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်ရန်၊ ခန့်မှန်းချက်များနှင့် ဆောလျင်စွာ သတိပေးတပ်လှန့်မှုများ ခိုင်မာအား‌ကောင်းစွာ ပြုလုပ်ရန်၊ တောင်ကျရေနှင့် မြို့ပြ ရေလွှမ်းမိုးခြင်းများမှကာကွယ်ရန်၊ အန္တရာယ်မကင်းသည့်အရပ်မှဒေသခံများကို ရွှေ့ပြောင်းပေးရန်နှင့် လူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ဘေးကင်းစေရေးသေချာအောင်လုပ်ဆောင်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
လျောင်နင်၊ စီချွမ်း၊ ကွေ့ကျိုး၊ ယူနန်၊ ကွမ်တုန်း၊ ကွမ်ရှီးနှင့် ဟိုင်နန် ပြည်နယ်အဆင့် ဒေသများတွင်လည်း ရေကြီးမှုတားဆီးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှု အဆင့်လေး ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်သည်။
လျောင်နင်ပြည်နယ်သည် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး စီချွမ်း၊ ကွေ့ကျိုး၊ ယူနန်ပြည်နယ်များက အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ ကွမ်တုန်း၊ ကွမ်ရှီး၊ ဟိုင်နန် တို့မှာမူ တရုတ်နိုင်ငံတောင်ပိုင်း တွင် တည်ရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China activates emergency response for flood control in Beijing, Tianjin, Hebei
BEIJING, Aug. 26 (Xinhua) — China’s Ministry of Water Resources on Tuesday activated a Level-IV emergency response for flood control in Beijing and neighboring Tianjin Municipality and Hebei Province, in anticipation of heavy rainfall.
According to meteorological forecasts, parts of the Beijing-Tianjin-Hebei region, located in north China, will experience heavy to torrential rain from Tuesday to Thursday.
Some rivers in the Haihe River Basin, including the Daqing River and Yongding River, are likely to see rising water levels, with some small and medium-sized rivers in storm-hit areas facing the risk of floods exceeding warning levels.
The ministry has urged local authorities to closely monitor rainfall and flood conditions, strengthen forecasts and early warning alerts, safeguard against mountain torrents and urban waterlogging, promptly relocate residents at risk, and ensure the safety of people’s lives and property.
The ministry has maintained the Level-IV emergency response for flood control in the provincial-level regions of Liaoning, Sichuan, Guizhou, Yunnan, Guangdong, Guangxi and Hainan.
Liaoning is in northeast China while Sichuan, Guizhou and Yunnan are in the country’s southwest. Guangdong, Guangxi and Hainan are all located in south China.
Photo : A sanitary worker stands on a waterlogged street to stop people from passing in Nanning, south China’s Guangxi Zhuang Autonomous Region, May 19, 2024. (Xinhua/Lu Boan)