China
တရုတ်နိုင်ငံ၏ V-Day စစ်ရေးပြအခမ်းအနားတွင် ထိပ်တန်းတိုက်လေယာဉ်သစ်များ တိုက်ပွဲဝင်စုဖွဲ့မှုပုံစံများဖြင့် ချီတက်ပျံသန်းမည်

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မကြာမီပြုလုပ်မည့် စစ်ရေးပြအခမ်းအနားတွင် အဓိက လေတပ် တိုက်ခိုက်ရေးတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်ရေးပုံစံများဖြင့် ပါဝင်ချီတက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
စစ်ရေးပြပွဲအခမ်းအနားကျင်းပရေးတာဝန်ရှိသူများ၏အဆိုအရ အသစ် တီထွင်ထုတ်လုပ်ထားသည့် လေယာဉ်များက ပွဲဦးထွက်အဖြစ် ပါဝင်ချီတက် ပျံသန်းမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဆိုပါ ရှေ့တန်းတိုက်ပွဲဝင်လေယာဉ်မော်ဒယ်အမျိုးအစားများက အဆင့်မြင့်စစ်ပွဲမျိုးအတွက် နည်းပညာမြင့်ကိရိယာများကို ကိုယ်စားပြုခြင်းလည်း ဖြစ်ကြောင်း စစ်ရေးပြပွဲကျင်းပရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
လေယာဉ်စုဖွဲ့ပျံသန်းမှုအနေဖြင့် စုပေါင်းတိုက်ပွဲဝင်စုဖွဲ့မှုများ ပျံသန်းမည်ဖြစ်ကာ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များက ကြိုတင်သတိပေးမှုနှင့် ကွပ်ကဲမှု၊ ဗျူဟာမြောက် ဖြန့်ကြက်မှုနှင့် တန်ပြန်ဖြိုခွင်းရေးစွမ်းရည်များဖြင့် အတူတကွဆောင်ရွက်ကြမည်ဖြစ်သည်။
စစ်ရေးပြအခမ်းအနား၏ဆောင်ပုဒ်မှာ တရုတ်ပြည်သူများ၏ ငြိမ်းချမ်းရေးအား ကတိကဝတ်ပြုခြင်းနှင့် ယင်းကို ကာကွယ်စောင့်ရှောက်ရန် လက်နက်ကိုင်တပ်ဖွဲ့များက ခိုင်မာစွာစိတ်ပိုင်းဖြတ်မှုအား ပြသခြင်းဖြစ်ကြောင်း စစ်ရေးပြအခမ်းအနားစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားကို တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား အဖြစ် စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်များမှ လေယာဥ်များမှာ ထျန်းအန်းမင်ရင်ပြင်အား ဝေဟင်နိမ့်အနေအထားမှ ပျံသန်းချီတက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Cutting-edge aircraft to fly in combat formations during China’s V-Day military parade
BEIJING, Aug. 26 (Xinhua) — China’s upcoming military parade will feature the main air combat forces of its joint military operations.
A range of newly developed aircraft will make their parade debut, said parade organizers. These front-line combat models, now in active service, represent cutting-edge equipment for high-end warfare.
The air echelon will fly in integrated combat formations, bringing together early-warning and command, strategic projection, and anti-surface capabilities from the Army, Navy and Air Force. Some aircraft carry live weapon loads.
The theme of the parade is to affirm the Chinese people’s commitment to peace and the armed forces’ determination to safeguard it, said organizers.
The parade, to be held on Sept. 3 in Beijing, marks the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
Army, Navy and Air Force aircraft will fly at low altitude over Tian’anmen Square.
Photo
Visitors watch an unmanned helicopter during a permanent exhibition at the Zhongguancun Exhibition Center in Beijing, capital of China, March 28, 2025.
( (Xinhua/Ju Huanzong)