China
တရုတ်နိုင်ငံက ကမ္ဘာ့လုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် နိုင်ငံတကာပြပွဲ ပြုလုပ်မည်

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
၂၅ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပြပွဲ (CIFIT) ကို စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြိုတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စီစဥ်သူများက သြဂုတ် ၂၆ ရက်၌ ပြောဆိုခဲ့သည်။
ပြပွဲနေရာအကျယ်အဝန်း ဧရိယာ ၁၂၀,၀၀၀ စတုရန်းမီတာဝန်းကျင်ရှိပြီး လေးရက်ကြာ ပြုလုပ်မည့်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အစီအစဥ်ပေါင်း ၇၀ ကျော်နှင့်တွေ့ဆုံပွဲပေါင်း ၁၀၀ ကျော် ပြုလုပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ling Ji က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုနှစ်ပြပွဲတွင် ထူးခြားချက်အနေနှင့် ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ဗြိတိန်နိုင်ငံမှ ပါဝင်မည်ဖြစ်ပြီး ယခုအချိန်အထိ ဒေသများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်နိုင်ငံပေါင်း ၁၁၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များ စာရင်းသွင်းထားပြီးဖြစ်ကာ ဒေသနှင့် နိုင်ငံပေါင်း ၅၁ နိုင်ငံတို့မှ ပြခန်းများဖွင့်လှစ်ပြသသွားမည်ဟု Ling က ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအရှိန်အဟုန်အားလျော့လာမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများနှင့် နယ်စပ် ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာခြင်းများကို ဆန့်ကျင်လျက် ယခုပွဲအား တက်ကြွစွာပါဝင်မှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အပေါ် တရုတ်နိုင်ငံ၏ အမြဲတမ်းစိတ်ဝင်တစားရှိမှုကို မီးမောင်းထိုးပြလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် CIFIT သည် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (BRI) တွင်ပါဝင်သည့်နိုင်ငံများ၊ ဒေသများအတွက် တံတားတစ်စင်းအဖြစ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ပိုမိုနီးကပ်သည့်ဆက်ဆံရေးနှင့်လက်တွေ့ပူးပေါင်း ဆောင် ရွက်မှု မြှင့်တင်ရေးကို အားပေးမည်ဖြစ်ကြောင်း ဖူကျန့်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဝမ်ကျင်းဖုက ပြောကြားခဲ့သည်။
ယခုအချိန်အထိ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (BRI) တွင် ပါဝင်သည့်နိုင်ငံ ၇၇ နိုင်ငံနှင့်ဒေသများ တက်ရောက်ရန် အတည်ပြုထားပြီး ပြပွဲအတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုရလဒ်များ တင်ဆက်သွားမည်ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဥ်ကာ ၁၉၉၇ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် CIFIT သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးနှင့် ကမ္ဘာ့ဖွံဖြိုးတိုးတက်မှုကို လွယ်ကူချောမောစေရေး အရေးပါသည့် ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ (Xinhua)
…………………………..
(English Version)
China to hold int’l fair to boost global investment
BEIJING, Aug. 26 (Xinhua) — The 25th China International Fair for Investment & Trade (CIFIT) is slated to be held from Sept. 8 to 11 in Xiamen, east China’s Fujian Province, the organizer announced Tuesday.
Covering an area of around 120,000 square meters, the four-day event will feature more than 70 investment-themed activities and over 100 roadshows, Vice Commerce Minister Ling Ji told a press conference.
This year’s fair features the United Kingdom as its guest country of honor. So far, delegations from more than 110 countries, regions and international organizations have signed up, with 51 countries and regions to host exhibitions, Ling said.
Against the backdrop of weak global economic momentum, rising trade and investment barriers, and slowing cross-border investment, active participation in this event highlights China’s enduring appeal to foreign investors, he noted.
This year’s CIFIT will also serve as a bridge for Belt and Road Initiative (BRI) participating countries and regions, fostering closer ties and promoting practical cooperation, said Wang Jinfu, vice governor of Fujian. To date, 77 BRI participating countries and regions have confirmed their attendance, with more cooperation outcomes to be presented during the fair.
First launched in 1997, the CIFIT, organized by the Ministry of Commerce, has become an important platform for boosting investment and facilitating global development.
Photo :This photo taken on Sept. 8, 2023 shows a view of the 23rd China International Fair for Investment and Trade (CIFIT) in Xiamen, southeast China’s Fujian Province.