Connect with us

China

တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့က နည်းပညာဆိုင်ရာအသွင်ကူးပြောင်းမှု လုပ်ဆောင်ရန် ဒေသခံစီးပွားရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ Harbin Turbine ကုမ္ပဏီလီမိတက်၏ စက်ယန္တရားပူးပေါင်းဆောင်ရွက်မှုဓာတ်ခွဲခန်းတွင် တာဘိုင်ဘလိတ် (turbine blade) ကို သုံးသပ်စစ်ဆေးနေသည့် အင်ဂျင်နီယာတစ်ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ သမားရိုးကျစက်မှုလုပ်ငန်းအခြေစိုက်များအနက် တစ်နေရာဖြစ်သော ဟားအယ်ပင်းမြို့သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏သမားရိုးကျစက်မှုလုပ်ငန်းများအား အဆင့်မြှင့်တင်မည့် အဓိကလမ်းကြောင်းအဖြစ် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်ရှိနည်းပညာများကို အကျိုးရှိရှိအသုံးပြုလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဟားအယ်ပင်းမြို့သည် နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းမှု ဖော်ဆောင်ရန် ဒေသခံစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီရေးအတွက် စုစုပေါင်း ယွမ် သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၆၉ သန်းခန့်) ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ယင်းကဏ္ဍရင်းနှီးမြှုပ်နှံမှု၌ နှစ်စဉ် တိုးတက်မှုအနေဖြင့် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ လျှပ်စစ်ပိုင်းဆိုင်ရာ တိုင်းတာရေးကိရိယာစက်ရုံတွင် single-phase လျှပ်စစ်မီတာများ အလိုအလျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်နေရာကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ Harbin Electric Machinery ကုမ္ပဏီလီမိတက်တွင် တရုတ်နိုင်ငံက သီးခြားလွတ်လပ်စွာတီထွင်ထုတ်လုပ်ထားသော ၅၀၀ မဂ္ဂဝါဝပ် ရေအားလျှပ်စစ်တာဘိုင်မီးစက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ Harbin Dongan Auto Engine ကုမ္ပဏီလီမိတက်၏ အလုပ်ရုံ ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော စက်ရုပ်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s Harbin supports local enterprises to carry out technological transformation
Harbin, one of China’s traditional industrial bases, has been harnessing digital and intelligent technologies as a key pathway to upgrade its traditional industries in recent years.
From 2021 to 2025, the city has invested a total of 500 million yuan (about 69 million U.S. dollars) to support local enterprises to carry out technological transformation, with an average 20 percent annual growth in such investment.
Photo 1: An engineer reviews turbine blade data at a coordinate measuring machine laboratory of Harbin Turbine Co., Ltd. in Harbin northeast China’s Heilongjiang Province, Feb. 26, 2025. (Xinhua/Wang Song)
Photo 2: This photo taken on July 25, 2025 show an automated production line for single-phase electricity meters at an electrical measuring instruments factory in Harbin, northeast China’s Heilongjiang Province. (Xinhua/Wang Song)
Photo 3: This photo taken on July 2, 2025 shows a China independently developed 500MW hydro turbine generator unit at Harbin Electric Machinery Co., Ltd. in Harbin, northeast China’s Heilongjiang Province. (Xinhua/Wang Jianwei)
Photo 4: A robot is pictured on the production line at a workshop of Harbin Dongan Auto Engine Co., Ltd. in Harbin, northeast China’s Heilongjiang Province, July 24, 2025. (Xinhua/Wang Song)