Connect with us

China

တရုတ်နိုင်ငံက သဘာ၀ဘေး လျော့ပါးသက်သာရေးရန်ပုံငွေအဖြစ် ယွမ် ၁ ဘီလီယံ ခွဲဝေချထားပေး

ပေကျင်း၊ သြဂုတ် ၆ ရက် ( ဆင်ဟွာ )

သဘာ၀ဘေး လျော့ပါးသက်သာရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ရန်ပုံငွေ ယွမ် ၁.၀၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၂ သန်းနီးပါး) ကို ပြည်နယ်အဆင့် ဒေသအမြောက်အမြားသို့ တရုတ်နိုင်ငံက ခွဲဝေချထားပေးခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါရန်ပုံငွေကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က တာဝန်ယူပြီး ခွဲဝေချထားပေးခဲ့ခြင်းဖြစ်သည်။

ရန်ပုံငွေများကို ပေကျင်း၊ ဟဲပေ၊ အတွင်းမွန်ဂိုးလီးယားနှင့် ကွမ်တုန်းကဲ့သို့သော ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရသည့်ဒေသများသို့ နည်းလမ်းမျိုးစုံဖြင့် ခွဲဝေထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့မှုများတွင် ကောက်ပဲသီးနှံများ ပြန်လည်စိုက်ပျိုးရန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာတန်ဆာပလာများ၊ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမတော်ကြေး ထုတ်ပေးခြင်းလည်း အပါအဝင်ဖြစ်သည်။

ထို့အပြင် မိုးခေါင်မှုဒဏ် လျော့ပါးသက်သာရေးအတွက် အားစိုက်ကြိုးစားနေရသည့် ဆန်းတုန်း၊ ဟဲနန်၊ ဟူပေနှင့် အခြားဒေသများသို့လည်း အဆိုပါရန်ပုံငွေမှပင် ခွဲဝေထောက်ပံ့ပေးခဲ့ကာ မျိုးပွားခြင်း၊ မျိုးစေ့များ ထိန်းသိမ်းထားရှိခြင်း၊ ဆည်မြောင်းများသွယ်ယူခြင်း၊ ရေတွင်းများတူးခြင်း စသည့်လုပ်ငန်းများအတွက် အဓိကရည်ရွယ်ကာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

…………………………
(English Version)

China allocates 1 bln yuan to disaster relief efforts

BEIJING, Aug. 5 (Xinhua) — China has allocated disaster relief funds totaling 1.015 billion yuan (about 142 million U.S. dollars) to multiple provincial-level regions, the Ministry of Finance (MOF) said on Tuesday.

The funds were allocated by the MOF, the Ministry of Agriculture and Rural Affairs, and the Ministry of Water Resources.

Funds were channeled in multiple forms to support flood relief efforts in regions such as Beijing, Hebei, Inner Mongolia and Guangdong, including subsidies for crop replanting and the repair of agricultural facilities.

Funds were also used to aid drought relief efforts in Shandong, Henan, Hubei and other regions through the provision of subsidies targeting fertilization, seedling preservation, irrigation and well drilling.