Connect with us

China

တရုတ်နိုင်ငံတွင် အခမဲ့ မူကြိုပညာရေးကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ စူးကျိုးမြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် အမှိုက်များအမျိုးအစားခွဲသရုပ်ပြပွဲ၌ ပါဝင်နေသောကလေးငယ်များကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၆ ရက် ( ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လာမည့်ဆောင်းဦးပေါက်ပညာသင်ချိန်မှစတင်ကာ မူလတန်းကျောင်းမတက်မီ တစ်နှစ်အလိုတွင် ပြည်သူ့အစိုးရကျောင်းများ၌တက်ရောက်နေသော ကလေးများအတွက် ပညာသင်ကြားစရိတ်နှင့်စောင့်ရှောက်မှု ကုန်ကျစရိတ်ကို ကင်းလွတ်ခွင့်ပေးသွားမည်ဟု နိုင်ငံတော်ကောင်စီ၏ သြဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပညာရေးဆိုင်ရာကုန်ကျစရိတ်များကို လျော့ချရန်နှင့် ပြည်သူ့အစိုးရ ပညာရေးဆိုင်ရာဝန်ဆောင်မှုများကို တိုးတက်လာစေရန်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီအထွေထွေရုံး၏ ထုတ်ပြန်ချက်စာတမ်းအရ သိရသည်။

ပုဂ္ဂလိက မူလတန်းကျောင်းများ၌ တက်ရောက်သင်ကြားနေသည့် ကလေးများ၏ပညာသင်ကြားရေးစရိတ်များနှင့် စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်ကိုလည်း ဒေသတွင်း ပြည်သူ့အစိုးရကျောင်းများ၌ တက်ရောက်သင်ကြားနေသည့် မူလတန်းကလေးများကဲ့သို့ပင် ကင်းလွတ်ခွင့်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မူဝါဒများကြောင့် ဝင်ငွေများဆုံးရှုံးသွားသည့် မူလတန်းကျောင်းများအတွက်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့်ငွေကြေးပမာဏကို ဘဏ္ဍာအခွန်ဌာနမှ ထောက်ပံ့ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝင်ငွေချို့တဲ့သည့် မိသားစုများ၊ မိဘမဲ့ကလေးများ၊ မသန်စွမ်းကလေးများ စသည့်အဖွဲ့အစည်းများအတွက်လည်း ဒေသတွင်းဆိုင်ရာ အခြေအနေများအလိုက် ထပ်တိုးထောက်ပံ့မှုဆိုင်ရာ မူဝါဒများကို ဒေသဆိုင်ရာအာဏာပိုင်များကလုပ်ဆောင်ထားရန် လမ်းညွန်ချက်တွင် တိုက်တွန်းထားသည်။

ဘဏ္ဍာရေးနှင့်ပညာရေးဆိုင်ရာ အာဏာပိုင်များအနေဖြင့် အဆင့်တိုင်းအလိုက် ရန်ပုံငွေစီမံခန့်ခွဲမှုများကို တိုးမြှင့်လုပ်ဆောင်ထားသင့်သလို မူလတန်းကျောင်းများ ပုံမှန်လည်ပတ်နိုင်ရန်အတွက်လည်း ရန်ပုံငွေများကို စောလျင်စွာပြည့်ပြည့်ဝဝ ခွဲဝေပေးသွားရမည်ဟု လမ်းညွှန်ချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံသည် ကျောင်းနေအရွယ်ကလေးငယ်အရေအတွက်အပြောင်းအလဲကဲ့သို့ သော အချက် အလက်များကို ထည့်သွင်းစဥ်းစားကာ သင့်တော်သည့်အချိန်တစ်ခုတွင် အခမဲ့မူကြိုပညာရေးမူဝါဒကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း လမ်းညွန်ချက်တွင် ဖော်ပြထားသည်။ ( Xinhua )

………………………..
(English Version)

China announces phased implementation of free preschool education

BEIJING, Aug. 5 (Xinhua) — Starting from the autumn semester of 2025, China will waive the care and education fees for children in public kindergartens in the year prior to entering primary school, according to a guideline made public by the State Council on Tuesday.

The move aims to effectively lower education costs and improve the country’s public education services, according to the document issued by the General Office of the State Council.

For children enrolled in private kindergartens, their care and education fees will also be reduced in accordance with the amount exempted at local public kindergartens, according to the document.

Meanwhile, fiscal departments will provide subsidies to kindergartens to address their loss of income due to the policy.

The guideline also encourages local authorities to further consolidate supportive policies in line with local conditions for groups such as children from financially disadvantaged families, orphans, and children with disabilities.

Fiscal and education authorities at all levels should enhance fund management and allocate funds promptly and in full to ensure the normal operation of kindergartens, according to the document.

China will make improvements to the free preschool education policy at an appropriate time, considering factors such as changes in the school-age population, the guideline said.