Connect with us

China

တရုတ်နိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းအတွက် ယွမ် သန်း ၄၃၀ သတ်မှတ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဖင်းကျန်းကောင်တီ၌ သောင်တင်နေသော ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရေကြီးမှုနှင့် ဘူမိဗေဒဆိုင်ရာ သဘာဝဘေးဒဏ်သင့်ဒေသများကို ကူညီထောက်ပံ့ရန်အတွက် ၎င်း၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဗဟိုရန်ပုံငွေမှ ယွမ်သန်း ၄၃၀ (အမေရိကန်ဒေါ်လာ ၆၀.၂၇ သန်းခန့်) ကို သြဂုတ် ၇ ရက်တွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပေးသည့် ၎င်းအရေးပေါ်ရန်ပုံငွေကို ပေကျင်းမြို့၊ ဟဲပေပြည်နယ်၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်တုန်းပြည်နယ်နှင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ဒေသငါးခုသို့ ဖြန့်ဝေခဲ့သည်။

အဆိုပါရန်ပုံငွေချထားပေးမှုသည် ပေကျင်းမြို့နှင့် ဟဲပေပြည်နယ်တို့တွင် သဘာဝဘေးဒဏ်သင့် ဒေသခံများ နေရာရွှေ့ပြောင်းခြင်း၊ ယာယီနေထိုင်ရေး အကူအညီများ ပေးအပ်ခြင်းနှင့် ပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ခြင်းတို့တွင် အဓိကအားဖြင့် ပံ့ပိုးပေးမည်ဖြစ်သည်။

ကျန်ဒေသသုံးခုအတွက်မူ ၎င်းရန်ပုံငွေက အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများနှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………….
(English Version)
China allocates 430 million yuan for natural disaster response work

BEIJING, Aug. 7 (Xinhua) — China on Thursday allocated 430 million yuan (about 60.27 million U.S. dollars) from its central natural disaster relief fund to aid flood and geological disaster-stricken regions.

The emergency funds, jointly issued by the Ministry of Finance and the Ministry of Emergency Management, were distributed to five regions: Beijing, Hebei, Inner Mongolia, Guangdong and Guangxi.

The allocation will primarily support Beijing and Hebei in relocating affected residents, providing temporary living assistance, and rebuilding damaged homes.

For the remaining three regions, the funds will facilitate emergency response operations and secondary disaster prevention measures. ■

English Caption

Rescuers transfer stranded residents in Pingjiang county, central China’s Hunan Province, July 2, 2024. (Xinhua/Xie Ben)