China
ပထမဆုံး ဖီဖာအမျိုးသမီး ချန်ပီယံဖလားပြိုင်ပွဲကို တရုတ်နိုင်ငံတွင် အောက်တိုဘာလ၌ ကျင်းပမည်

ဂျီနီဗာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဖီဖာသည် အမျိုးသမီးကလပ်ဘောလုံးလောကတွင် ပထမဆုံးကမ္ဘာ့ချန်ပီယံဖြစ်လာရန် ကလပ်အသင်းခြောက်သင်း ယှဉ်ပြိုင်မည့် ပထမအကြိမ် အမျိုးသမီးချန်ပီယံဖလားပြိုင်ပွဲကို တရုတ်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။
ပြိုင်ပွဲကို ဝူဟန့်အားကစားစင်တာ အားကစားကွင်း၌ အောက်တိုဘာ ၈ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး ၎င်းဖွင့်ပွဲနေ့တွင် အေအက်ဖ်စီအမျိုးသမီးချန်ပီယံလိဂ်တွင် အနိုင်ရရှိခဲ့သည့် တရုတ်ကလပ်အသင်း Wuhan Jiangda WFC က ယခုနှစ် အိုအက်ဖ်စီ အမျိုးသမီးချန်ပီယံလိဂ်၏ ချန်ပီယံ Auckland United FC နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
“Round 1 နီးလာပြီဆိုတော့ ကလပ်အသင်းပရိသတ်တွေ၊ မီဒီယာတွေနဲ့ ကမ္ဘာတစ်ဝန်းက ဘောလုံးချစ်သူတွေက ပထမဆုံး ဖီဖာအမျိုးသမီး ချန်ပီယံဖလားပြိုင်ပွဲကို ဝူဟန့်မှာ စတင်ကျင်းပမယ့် သမိုင်းကြောင်းကို မျက်မြင်တွေ့ရဖို့ ပြင်ဆင်နေကြပါပြီ။ ဒီပြိုင်ပွဲက ကမ္ဘာ့တိုက်ကြီးတိုင်းက အကောင်းဆုံးအမျိုးသမီးကလပ်အသင်းတွေကို FIFA ခေါင်းစဉ်အောက်မှာ ပထမဆုံးအကြိမ် စုစည်းမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ကမ္ဘာ့စင်မြင့်ပေါ် ထူးချွန်ထက်မြက်မှု ပြသမှာဖြစ်သလို အမျိုးသမီးကလပ်အသင်း ကစားပွဲတွေ မြှင့်တင်ပြီး မျိုးဆက်သစ်တွေအတွက် အားကျအတုယူဖွယ် ဖြစ်လာစေမှာပါ” ဟု FIFA အထွေထွေအတွင်းရေးမှူးချုပ် Mattias Grafstrom က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနိုင်ရသည့်အသင်းက နိုဝင်ဘာလတွင် သရဖူဆောင်းမည့် CAF Women’s Champions League ချန်ပီယံအသင်းနှင့် တွေ့ဆုံရန် Round 2 သို့ တက်လှမ်းခွင့်ရမည်ဖြစ်သည်။ ထိုပွဲစဉ်ကို ဒီဇင်ဘာလတွင် အတည်မပြုနိုင်သေးသော နေရာတစ်ခု၌ ကျင်းပသွားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဖိုင်နယ်တို့ ပါဝင်သော ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ကမ္ဘာ့အသန်မာဆုံး အမျိုးသမီးအသင်း လေးသင်းကို ဗဟိုချုပ်ကိုင်မှုရှိသည့် နေရာတစ်နေရာတွင် ထည့်သွင်းမည်ဖြစ်ကြောင်းလည်း FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက်ဆုံးအဆင့်ပွဲစဉ်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Inaugural FIFA Women’s Champions Cup to kick off in October in China
GENEVA, Sept. 9 (Xinhua) — FIFA on Monday unveiled the curtain-raiser for its inaugural Women’s Champions Cup in China, where six continental club champions will battle to become the first world champions in women’s club football.
The tournament will kick off on October 8 at the Wuhan Sports Center Stadium, with local side Wuhan Jiangda WFC, winners of the AFC Women’s Champions League, facing Auckland United FC, champions of this year’s OFC Women’s Champions League.
“As Round 1 approaches, clubs’ fans, the media and football lovers around the globe are preparing to witness history being made, as the first FIFA Women’s Champions Cup commences in Wuhan. This tournament will bring together the best women’s clubs from every continent under the FIFA banner for the very first time, offering a global stage to showcase excellence, elevate the women’s club game and inspire generations to come,” said FIFA Secretary General Mattias Grafstrom in a statement.
The winners will progress to Round 2 to meet the champions of the CAF Women’s Champions League, who will be crowned in November. That match will be staged in December at a venue still to be confirmed.
FIFA added that the final phase of the tournament, comprising the semifinals, third-place play-off and final, will feature the four strongest women’s clubs in the world in a centralized location. Those matches are scheduled for January 28 to February 1, 2026. ■
English Caption
Team members of Wuhan Jiangda Women’s FC celebrate during the awarding ceremony after the final between Wuhan Jiangda Women’s FC of China and Melbourne City FC of Australia at the 2024/2025 AFC Women’s Champions League in Wuhan, China, May 24, 2025. (Xinhua/Wu Zhizun)