China
တရုတ်နိုင်ငံက အားကစားကဏ္ဍကို လာမည့် ၅ နှစ်တာကာလအတွင်း တိုးတက်မှုမောင်းနှင်အားသစ်များအဖြစ် ရှုမြင်

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း ချမှတ်ထားသော စီမံကိန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ရန်ပုံငွေများဖြင့် အားကစားကဏ္ဍကို အစိုးရ၏ထောက်ပံ့ပေးမှုဖြင့် တစ်ဆင့်တိုး ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကြီးထွားလာသော အားကစားကဏ္ဍက စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အား အသစ်ဖြစ်လာရန် ရှုမြင်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့ဖြစ်သော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ အစီရင်ခံစာအရ နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသား ၅ နှစ် စီမံကိန်း (၂၀၂၆-၂၀၃၀) နှင့် အခြား အထူးအစီအစဉ်များ၌ အားကစားကဏ္ဍနှင့် ပြင်ပအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
NDRC သည် တရုတ်နိုင်ငံ၏ အထွေထွေအားကစားစီမံခန့်ခွဲရေးအဖွဲ့နှင့် လက်တွဲကာ ပြင်ပအားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သေချာသည့်မူဝါဒများကို ချမှတ်ထောက်ပံ့ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သစ်များအား ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ကြောင်း NDRC ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲ ချန်ကျွင်းက စက်တင်ဘာ ၉ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အရည်အသွေးမြင့်ဝန်ဆောင်မှုများထောက်ပံ့ပေးနိုင်မည့် အရည်အသွေးမြင့် ပြင်ပအားကစားပွဲများကျင်းပရန်နေရာ ၁၀၀ ဝန်းကျင် တည်ဆောက်မည်ဟု ရည်မှန်းထားကြောင်း၊ ယင်းနေရာများတွင် အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ပြင်ပအားကစားနည်းအမျိုးမျိုး လက်ခံကျင်းပနိုင်ရန် ဘက်စုံအဆောက်အအုံများ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်မီ ပြင်ပ အားကစားကျင်းပသည့်နေရာများ တည်ဆောက်ရန် သာလွန်ကောင်းမွန်သော အရင်းအမြစ် အထောက်အပံ့များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိသော ဒေသများအား ပံ့ပိုးပေးမည် ဖြစ်ကြောင်း ချန် က ပြောကြားခဲ့သည်။
“ဗဟိုအစိုးရ ရန်ပုံငွေနဲ့အခြားသော ရန်ပုံငွေတွေကို ကျွန်မတို့ တိုးမြှင့်ထောက်ပံ့သွားမှာပါ။ ဥပမာ ပြည်သူ့သက်သာချောင်ချိရေးရန်ပုံငွေ အားကစားထီလိုမျိုးတွေပေါ့။ အရည်အသွေးပြည့်မီတဲ့ ပြင်ပအားကစားနေရာတွေ၊ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဆက်စပ်အဆောက်အအုံတွေကို မြှင့်တင် ထောက်ပံ့သွားမှာပါ” ဟု ချန် က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရသည် ပြင်ပအားကစားစီးပွားရေးလုပ်ကိုင်မည့်အဖွဲ့အစည်းများအား ချေးငွေများ ပိုမိုတိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ပြင်ပပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းကာ ပြင်ပအားကစားနယ်ပယ်တိုးတက်လာစေရန် ပိုမိုဆွဲဆောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ချန် က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
China views sports industry as new growth driver in next five years
BEIJING, Sept. 9 (Xinhua) — China seeks to further boost the sports industry with continued government support in terms of planning, construction and funding over the next five years, as it sees this burgeoning sector as a new driver for economic growth.
According to the National Development and Reform Commission (NDRC), China’s top economic planner, promoting the development of the sports industry and outdoor sports will feature in the nation’s 15th Five-Year Plan (2026-2030) and other specific development plans.
The NDRC will also work with the General Administration of Sport of China to jointly formulate new development plans for the outdoor sports industry to ensure that policies supporting the sector’s development are further improved, said Chen Jun, head of the NDRC’s Department of Social Development, at a press conference held in Beijing on Tuesday.
By 2030, the nation aims to build around 100 high-quality outdoor sports destinations — which will be equipped with comprehensive facilities that can provide high-quality services and host diverse sports events, Chen said, while adding that support will be given to regions with superior resource endowments and solid sectoral development to build world-class outdoor sports destinations.
“We will increase support by utilizing central government funding and other funds, such as the sports lottery public welfare funds, for qualified outdoor sports venues as well as related public service facilities,” Chen said.
The government will also encourage financial institutions to increase credit support for outdoor sports business entities and attract more private capital to jointly develop the outdoor sports industry, she noted. ■
Photo:
China’s State Council Information Office holds a press conference on the country’s high-quality fulfillment of targets set for the 14th Five-Year Plan period (2021-2025), in Beijing, capital of China, July 9, 2025. (Xinhua/Li Xin)