Agriculture
တရုတ်နိုင်ငံက စိုက်ပျိုးမြေကာကွယ်ရေး ကန့်သတ်နယ်နိမိတ်မျဥ်း ခိုင်ခိုင်မာမာ ထိန်းသိမ်း

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် စိုက်ပျိုးမြေကာကွယ်ရေးအတွက် ကန့်သတ်နယ်နိမိတ်မျဥ်းကို ခိုင်ခိုင်မာမာ ထိန်းသိမ်းလျက်ရှိပြီး စိုက်ပျိုးမြေ အရည်အသွေး၊ အရေအတွက်နှင့် ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဘက်စုံထောင်စုံမှ မူဘောင်များ ဖြည်းဖြည်းချင်း တည်ထောင်လျက်ရှိကြောင်း သယံဇာတအရင်းအမြစ်ရေးရာ ဝန်ကြီး ကွမ်းကျစ်အိုးက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ စုစုပေါင်းစိုက်ပျိုးမြေ ဧရိယာ မူ ၁.၉၄ ဘီလီယံ (ဟက်တာ ၁၂၉.၃၃ သန်း) ရှိကြောင်း ကွမ်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် စုစုပေါင်းစိုက်ပျိုးမြေဧရိယာကို ကန့်သတ်နယ်နိမိတ်မျဥ်း မူ ၁.၈ ဘီလီယံအောက် မကျဆင်း စေရန် အရှိန်အဟုန်မြှင့် အားထုတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
China firmly upholds red line for farmland protection
BEIJING, Sept. 10 (Xinhua) — China has firmly upheld the red line for farmland protection, gradually establishing an integrated framework for the quantity, quality, and ecological preservation of farmland, Guan Zhiou, minister of natural resources, said on Wednesday.
By the end of 2024, China’s total farmland area stands at nearly 1.94 billion mu (129.33 million hectares), Guan told a press conference.
China has been stepping up efforts to ensure the total area of its farmland does not fall below the red line of 1.8 billion mu.
Photo : Guan Zhiou, minister of natural resources and general supervisor of national natural resources, and Liu Guohong, director of the National Forestry and Grassland Administration (National Park Administration), attend a press conference held by the State Council Information Office (SCIO) on achievements in high-quality natural resources development during the 14th Five-Year Plan period (2021-2025) in Beijing, capital of China, Sept. 10, 2025. (Xinhua/Cai Yang)