Connect with us

China

(SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး) SCO အဖွဲ့ဝင်နိုင်ငံများက အပြန်အလှန်အကျိုးပြုမှု၊ အပြန်အလှန်အကျိုးရလဒ်များ ဖော်ဆောင်ရန် ရှီ တိုက်တွန်း

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် နိုင်ငံတကာမှ ဧည့်သည်တော်များအတွက် ကြိုဆိုဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန်အကျိုးပြုမှု၊ အပြန်အလှန်အကျိုးရလဒ်များ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
ရှီက တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပသော ၂၅ ကြိမ်မြောက် SCO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကောင်စီအစည်းအဝေး မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများကို ပိုမိုကောင်းမွန်စွာ ချိန်ညှိဖို့နဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ အဆိုပြုချက် အရည်အသွေးမြင့် အကောင်အထည်ဖော်မှု မြှင့်တင်ဖို့ လိုအပ်ပါတယ်” ဟု ရှီက ဆိုသည်။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အသီးသီး၏ ကြီးမားလှသော ဈေးကွက်များ၊ နိုင်ငံအသီးသီးကြား စီးပွားရေးလိုက်ဖက်ညီမှု စွမ်းပကားများကို အရှိန်မြှင့်ဖော်ဆောင်ကြရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး မြှင့်တင်ရန်လည်း သမ္မတ ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
(SCO Tianjin Summit) Xi calls on SCO member states to pursue mutual benefit, win-win results
TIANJIN, Sept. 1 (Xinhua) — Chinese President Xi Jinping on Monday said that member states of the Shanghai Cooperation Organization (SCO) should pursue mutual benefit and win-win results.
Xi made the remarks while addressing the 25th Meeting of the Council of Heads of State of the SCO held in Tianjin.
“We need to better align our development strategies and promote the high-quality implementation of the Belt and Road Initiative,” Xi said.
He called on the member states to leverage the strengths of their mega-sized markets and economic complementarity between them and improve trade and investment facilitation.
Photo: Chinese President Xi Jinping addresses a banquet to welcome international guests at the Meijiang Convention and Exhibition Center in Tianjin, north China, Aug. 31, 2025. (Xinhua/Xie Huanchi)