Connect with us

China

၁၂ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်သို့ တက်ရောက်ရန် လူဦးရေ ၁,၈၀၀ ခန့် စာရင်းသွင်း

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပေကျင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ဖွင့်လှစ်ကျင်းပခဲ့သော ၁၁ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
၁၂ ကြိမ်မြောက် ပေကျင်း ရှန်းဆန်းဖိုရမ်အတွက် ကြိုတင်ပြင်ဆင်မှုများသည် အခြေခံအားဖြင့် ပြီးမြောက်ခဲ့ပြီး ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် မီဒီယာ သတင်းထောက် ၁,၈၀၀ ခန့်က ထိုအခမ်းအနားသို့ တက်ရောက်ရန် စာရင်းပေးသွင်းပြီးဖြစ်ကြောင်း ၎င်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က စက်တင်ဘာ ၁၁ ရက်၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ပေကျင်း၌ ကျင်းပရန် စီစဉ်ထားသည့် အဆိုပါဖိုရမ်သို့ ယနေ့အထိ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်မည်ကြောင်း အတည်ပြုထားသည်။
အဆိုပါဖိုရမ်အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူ ဝူကျန့်ကန်းက ၎င်းဖိုရမ်တွင် “နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းကို လက်ကိုင်ပြုပြီး ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် မျက်နှာစုံညီအစည်းအဝေး လေးကြိမ်နှင့် ပြိုင်တူအစည်းအဝေး ရှစ်ကြိမ် ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် အဆင့်မြင့် ဆွေးနွေးပွဲများ၊ လူငယ် စစ်အရာရှိများနှင့် ပညာရှင်များအတွက် ဆွေးနွေးပွဲများ၊ တံခါးပိတ် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲအများအပြား၊ တွေ့ဆုံမေးမြန်းမှုများ၊ အထူးအစည်းအဝေးများ၊ ပြပွဲများနှင့် တရုတ်နိုင်ငံနှင့် ကျန်ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန် သင်ယူလေ့လာမှု မြှင့်တင်ရန် အလည်အပတ်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ဝူ၏အဆိုအရ ယခုနှစ်ဖိုရမ်သို့ တက်ရောက်မည့်သူများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ထွန်းသစ်စနိုင်ငံကြီးများ၊ အသေးစားနှင့် အလတ်စားနိုင်ငံများနှင့် ပဋိပက္ခဇုန်များမှ နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း၊ ဖိုရမ်သို့ တက်ရောက်လာသူများအနေဖြင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အောင်ပွဲရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဥ်းတို့ကို ထိန်းသိမ်းရန်နှင့် ပဋိပက္ခများကို ဖြေရှင်းရန် ထိရောက်သော နည်းလမ်းများ ရှာဖွေရေး စသည့် ကိစ္စရပ်များကို အဓိကထား၍ ဆွေးနွေးဆောင်ရွက်ကြရန် ခန့်မှန်းရကြာင်း သိရသည်။ (Xinhua)
……………….
(English Version)
About 1,800 people registered to attend 12th Beijing Xiangshan Forum
BEIJING, Sept. 11 (Xinhua) — Preparations for the 12th Beijing Xiangshan Forum have essentially been completed, and so far, about 1,800 delegates, observers, and media reporters have registered to attend the event, according to the forum organizer at a press briefing on Thursday.
To date, over 100 countries, regions, and international organizations have confirmed their participation at the forum, which is scheduled to be held in Beijing from Sept. 17 to 19.
Wu Jian’gang, an official of the preparatory work committee for the forum, said the forum, under the theme “Upholding International Order and Promoting Peaceful Development,” will feature four plenary sessions and eight parallel sessions.
The event will also include high-level dialogues, seminars for young military officers and scholars, and several closed-door academic seminars, as well as interviews, special briefings, exhibitions, and visiting activities to enhance mutual learning between China and the rest of the world.
According to Wu, participants at this year’s forum cover representatives from developed countries, emerging major countries, small and medium-sized countries, and countries from conflict zones. During the forum, it is expected that participants will focus on issues such as working together to uphold the victorious outcome of the World Anti-Fascist War and the post-war international order, as well as exploring effective ways to resolve conflicts. ■
English Caption
The 11th Beijing Xiangshan Forum opens at the Beijing International Convention Center in Beijing, capital of China, Sept. 13, 2024. (Photo by Han Qiyang/Xinhua)