Connect with us

China

ဖိန်ထန် စက်ဘီးစီးပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စက်ဘီးစီး အားကစားသမား Su Jun အနိုင်ရ

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်တွင် ဖိန်ထန် နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲကျင်းပနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် တွေ့ရစဥ် (ဆင်ဟွာ)

ဖူကျိုး၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဩဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် ဖိန်ထန်နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲ အမျိုးသားလက်ရွေးစင်အုပ်စု အဆင့်ပြိုင်ပွဲ၌ တရုတ်နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင် Su Jun က နောက်ကျပြတ်ကျန်နေသည့်အနေအထား မှ ပြန်လည်အမီလိုက်ကာ အနိုင်ရသွားကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူကျန့်ပြည်နယ်၊ ဖိန်ထန်ခရိုင်တွင် ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲ၌ BROSS-CENIT စက်ဘီးအသင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Su က ၂ နာရီ ၄ မိနစ်နှင့် ၄၇ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး အနိုင်ရဗိုလ်စွဲသွားခြင်းဖြစ်သည်။
“ကျွန်တော့်ရည်မှန်းချက်က ဒီပြိုင်ပွဲအမျိုးအစားမှာ ရထားတဲ့ ချန်ပီယံဆုကိုကာကွယ်ဖို့ပါ” ဟု Su က ပြောကြားခဲ့သလို “ဒီနှစ်ပြိုင်ဆိုင်ရမှုအဆင့်အတန်းက ပိုပြီးတော့ ခက်ခဲခဲ့တယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်တွေမှာဆို အသင်းဖော်တွေက အရေးပါတဲ့ယှဉ်ပြိုင်တိုက်ပွဲဝင်မှုတစ်ခု လုပ်ခဲ့တယ်။ ကျွန်တော် ကိုယ်တိုင်လည်း အသာစီးရှိစေဖို့ ဦးဆောင်ခဲ့ကြသူတွေနောက်က လိုက်ခဲ့တယ်။ နောက်ဆုံးတော့ အောင်ပွဲရခဲ့လို့ ကံကောင်းခဲ့ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲအမျိုးအစားတွင် Su က တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ တိုးတက်လာမှုနှင့် ပြိုင်ဘက်ကင်းတဲ့ နောက်ခံရှုခင်းများနှင့်ပတ်သက်၍လည်း အလေးအနက် ပြောကြားခဲ့သည်။
“ဖိန်ထန်ပင်လယ်ပြင်ကြီးက မယုံနိုင်ဖွယ်ကောင်းအောင် ပြာလဲ့နေတယ်။ လေရဟတ်တွေကလည်း အရမ်းထူးခြားတယ်။ မနေ့ကပဲ နေဝင်ချိန်ကို စောင့်ကြည့်ခဲ့ကြတယ်။ ဒီနေ့တော့ ဒေသတွင်း ရှုခင်းတွေ၊ စားသောက်ဖွယ်ရာတွေကို ပိုမိုခံစားဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟုလည်း Su Jun က ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါ တစ်ရက်တည်းအပြီး ယှဉ်ပြိုင်သည့် စက်ဘီးစီးပြိုင်ပွဲသို့ နိုင်ငံနှင့်ဒေသပေါင်း ၁၆ ခုမှ စက်ဘီးစီး အားကစားသမား ၂,၂၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပထမဆုံးအကြိမ် ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် စက်ဘီးစီးပြိုင်ပွဲများ၏ သမားရိုးကျမျက်နှာပြင်ညီလမ်း နှင့် ကွင်းဆက်ရစ်ပတ်လမ်းကြောင်းပုံစံများမှခွဲထွက်ကာ ၈၇ ကီလိုမီတာရှည်လျားသည့် ကျွန်းပတ်ပြိုင်ပွဲ လမ်းကြောင်းကို ထည့်သွင်းယှဥ်ပြိုင်စေခဲ့ကြောင်း၊ ယခုနှစ်ပြိုင်ပွဲလမ်းကြောင်းသည် မြောက်ပိုင်း သဘာဝပတ်ဝန်းကျင်စင်္ကြံတစ်လျှာက်ရှိ တောင်ကြောများပေါ်မှ ဖြတ်သန်းစီးနင်းရခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် စက်ဘီးစီးကစားသမားများ၏ ခံနိုင်ရည်ရှိမှုကို စမ်းသပ်သည့်လမ်းကြောင်းဖြစ်ကြောင်း၊ ဖိန်ထန်ကျွန်း၏ ရှုခင်းများကို ပရိသတ်များကြည့်ရှုခံစားနိုင်ရန် စတင်မိတ်ဆက်ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Chinese rider Su Jun claims Pingtan cycling race
FUZHOU, Aug. 31 (Xinhua) — China’s Su Jun pulled away late to win the men’s elite group title at the Pingtan International Cycling Race on Sunday.
Racing for the BROSS-CENIT Cycling Team, Su clocked two hours, four minutes and 47 seconds to take victory in Pingtan County, southeast China’s Fujian Province.
“My goal was to defend my title in this category,” Su said. “The level of competition was much higher this year. In the final stages of the race, my teammate launched a crucial attack, and I followed the key contenders into a winning position. Ultimately, I was fortunate enough to take the victory.”
It was Su’s third appearance at the event, and he noted both its growth and its unique setting. “The sea in Pingtan is incredibly blue, and the wind farms are very distinctive. We watched the sunset yesterday, and we plan to enjoy more of the local scenery and food today,” he added.
The one-day race drew about 2,200 riders from 16 countries and regions. First held in 2014, the event features an 87-kilometer island circuit that departs from traditional flat-road formats. This year’s course introduced a challenging uphill section along the Northern Ecological Corridor, testing endurance while showcasing the island’s landscapes to spectators.
Photo:
Pingtan International Cycling Race was held in China’s Fujian Province on September 16, 2024.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.