Connect with us

China

တရုတ်နိုင်ငံတွင် စွမ်းအင်သိုလှောင်မှုပုံစံသစ်မြှင့်တင်ရန် သုံးနှစ်လုပ်ငန်းစီမံကိန်း ကြေညာ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ဒုတိယအကြိမ် တရုတ်နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်ပြပွဲ (CISCE) က Gotion ပြခန်းတွင် လီသီယံဘက်ထရီထုတ်ကုန်များ ပြသထားသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အစိမ်းရောင်စွမ်းအင် ကူးပြောင်းရေး ထောက်ပံ့ရန်နှင့် စွမ်းအင်အမျိုးအစားသစ်၏ တည်ငြိမ်မှုကို သေချာစေရန် အားထုတ်လုပ်ဆောင်လျက်ရှိရာ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အကြား စွမ်းအင်သိုလှောင်ရေး ပုံစံသစ်ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရန်ဆောင်ရွက်မည့်အစီအစဥ်တစ်ခုကို စက်တင်ဘာ ၁၂ ရက်က ကြေညာလိုက်သည်။
တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် စွမ်းအင်သိုလှောင်မှုပုံစံသစ်တွင် တပ်ဆင်ပမာဏ ကီလိုဝပ် သန်း ၁၈၀ ကျော် ရရှိရန်ရည်ရွယ်ထားပြီး စီမံကိန်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ယွမ် ၂၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၂ ဘီလီယံခန့်) ထည့်သွင်းရန်မျှော်မှန်းထားကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးနှင့် ကော်မရှင်နှင့် အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးတို့ ပူးတွဲထုတ်ပြန်သည့်စီမံကိန်းအရ သိရသည်။
စွမ်းအင်ထုတ်လုပ်ရေးနှင့် ဓာတ်အားလိုင်းအခြေခံအဆောက်အအုံတို့တွင် စွမ်းအင်သိုလှောင်ရေးအသုံးချမှု မြှင့်တင်ရေး၊ နည်းပညာဆန်းသစ်တီထွင်မှုအရှိန်မြှင့်တင်‌ရေးနှင့် စံသတ်မှတ်ချက်များ ကောင်းမွန်တိုးတက်စေရေးတို့ အပါအဝင် အစီအစဉ်တွင် အဓိက အစီအမံ၂၁ ခု ဖော်ပြထားသည်။
အဆိုပါလှုပ်ရှားမှုသည် စိမ်းလန်းသော၊ ကာဗွန်စွမ်းအင်ထုတ်လွှတ်မှုနည်းသော အသွင်ကူးပြောင်းမှုများ၊ အရည်အသွေးမြင့်မားသော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုဆီသို့ တရုတ်နိုင်ငံ၏ ကျယ်ကျယ်ပြန့်ပြန့် ဦးတည်ဆောင်ရွက်နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိုပါစီမံကိန်းသည် ယင်းကဏ္ဍ၌ အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုတွင်အခြေခံထားပြီး ၂၀၂၄ ခုနှစ်အကုန်တွင် နိုင်ငံ၏ တပ်ဆင်စွမ်းအင်သိုလှောင်မှုပုံစံသစ် ပမာဏမှာ ကီလိုဝပ် ၇၃.၇၆ သန်း ကိုရောက်ရှိမည်ဟု တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)
……….
(English Version)
China unveils three-year action plan to boost new-type energy storage
BEIJING, Sept. 12 (Xinhua) — China on Friday unveiled an action plan to promote the development of new forms of energy storage between 2025 and 2027, amid efforts to support green energy transition and ensure the stability of new-type power systems.
The country aims to achieve more than 180 million kilowatts of installed new-type energy storage capacity by 2027, which is expected to drive approximately 250 billion yuan (about 35.2 billion U.S. dollars) in direct project investment, according to the plan jointly released by the National Development and Reform Commission and the National Energy Administration.
The plan outlined 21 key measures, including scaling up energy storage applications in power generation and grid infrastructure, accelerating technological innovation, and improving standardization.
The move is part of China’s broader push toward a green, low-carbon energy transition as well as high-quality economic and social development.
It builds on significant growth in the sector. As of the end of 2024, the country’s installed capacity of new-type energy storage had reached 73.76 million kilowatts, according to official data.
Photo : This photo taken on Nov. 26, 2024 shows lithium battery products at the booth of Gotion at the second China International Supply Chain Expo (CISCE) in Beijing, capital of China. (Xinhua/Zhang Chenlin)