Connect with us

China

တရုတ်နိုင်ငံက ဖလောရင့်စ် နိုက်တင်ဂေးလ်ဆု ရရှိသူများကို ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်းဖြစ်သည့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်ကျိန့်က ဖလောရင့်စ် နိုက်တင်ဂေးလ်ဆုရရှိသည့် တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်၌ ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်စဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌလည်းဖြစ်သည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဖလောရင့်စ်နိုက်တင်ဂေးလ်ဆု ရရှိသည့် တရုတ်နိုင်ငံသားများအား မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၁၂ ရက်၌ အခမ်းအနားကျင်းပ၍ ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တည်ထောင်ထားသော ဖလောရင့်နိုက်တင်ဂေးလ်ဆုသည် သူနာပြုလုပ်ငန်းတွင် အမြင့်ဆုံးသော နိုင်ငံတကာ ဂုဏ်ပြုဆုဖြစ်သည်။
ယခုနှစ်တွင် ထူးချွန်သော တရုတ်သူနာပြု ခုနစ်ဦး အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သူနာပြု ၃၅ ဦးက အဆိုပါဆုကို ရရှိခဲ့ကြပြီး ယင်းက တရုတ်နိုင်ငံအား အခြားနိုင်ငံများထက် ဆုရရှိသူဦးရေအများဆုံး ဖြစ်စေခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးက ဆုရရှိသူ ခုနစ်ဦးအား ၎င်းတို့၏ တာဝန်သိစိတ်နှင့် ထူးချွန်ပြောင်မြောက်သော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ချီးကျူးကာ နိုင်ငံတစ်ဝန်းရှိ သူနာပြုများအား ၎င်းတို့ကို အတုယူကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China holds award ceremony for Florence Nightingale Medal recipients
BEIJING, Sept. 12 (Xinhua) — Chinese Vice President Han Zheng, who is also the honorary president of the Red Cross Society of China, presented the Florence Nightingale Medal to the Chinese recipients at a ceremony held on Friday at the Great Hall of the People in Beijing.
The Florence Nightingale Medal, established by the International Committee of the Red Cross, is the highest international honor in the nursing profession.
This year, 35 nurses from 17 countries received the award, including seven exceptional Chinese nurses, making it the largest group from any single country.
Liu Guozhong, a member of the Political Bureau of the Communist Party of China Central Committee and vice premier of the State Council, hailed the seven awardees for their sense of responsibility and outstanding professional skills and called on nurses across the country to take them as role models. ■
English Caption
Chinese Vice President Han Zheng, who is also the honorary president of the Red Cross Society of China, presents the Florence Nightingale Medal to the Chinese recipients at a ceremony held at the Great Hall of the People in Beijing, capital of China, Sept. 12, 2025. (Xinhua/Gao Jie)