Connect with us

China

SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့မှာ သမိုင်းတွင်မည့် မကြုံဖူးလောက်သော အောင်မြင်မှုများ ရရှိခဲ့ဟု သမ္မတရှီ ချီးကျူး

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် နိုင်ငံတကာမှ ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံသည့် အခမ်းအနား၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့၏ တိုးတက်အောင်မြင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် သမိုင်းတွင်မည့် မကြုံဖူးလောက်သော အောင်မြင်မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့‌တွင် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် SCO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကောင်စီ ၂၅ ကြိမ်မြောက် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မိမိတို့ဟာ သက်ဆိုင်ရာ နယ်စပ်ဒေသတွေမှာ စစ်ဘက်ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ယန္တရားကို ပထမဆုံး ထူထောင်ခဲ့တာဖြစ်ပြီး မိမိတို့ရဲ့ ကျယ်ပြန့်တဲ့ နယ်နိမိတ်တွေကို ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲခဲ့ပါတယ်” ဟု ရှီက ပြောကြားခဲ့ပြီး SCO အဖွဲ့ဝင်နိုင်ငံများက အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည့် “အစောဆုံး” လုပ်ဆောင်ချက်များကိုလည်း ဖော်ညွှန်းပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒဟူသော အင်အားစုသုံးခုအား တိုက်ဖျက်ရန် နိုင်ငံစုံပါဝင်သော တုံ့ပြန်ဆောင်ရွက်မှုများကို အဦးဆုံးလုပ်ဆောင်ခဲ့သူများဖြစ်ကာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံး စတင်ခဲ့သူများ ဖြစ်သည်ဟု ရှီက ဆိုသည်။
“မိမိတို့ဟာ ကာလရှည် အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပထမဆုံး အပြီးသတ်နိုင်ခဲ့ပြီး ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးမှုကို အခိုင်အမာတည်ဆောက်ကာ ရန်လိုမှုတွေကို ရှောင်ကြဉ်ဖို့ သန္နိဋ္ဌာန်ပြုကြောင်းကိုလည်း ကြေညာထားပါတယ်” ဟု ရှီက ဆက်လက်ပြောကြားခဲ့သည်။
ထို့အတူ SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အဦးဆုံး အဆိုပြုကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်အား ဖော်ဆောင်ခဲ့ကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Xi hails groundbreaking, historic achievements in SCO development, cooperation
TIANJIN, Sept. 1 (Xinhua) — The member states of the Shanghai Cooperation Organization (SCO) have brought about groundbreaking and historic achievements in the organization’s development and cooperation, said Chinese President Xi Jinping.
Xi made the remarks on Monday while addressing the 25th Meeting of the Council of Heads of State of the SCO in north China’s Tianjin Municipality.
“We were the first to set up a military confidence-building mechanism in our border areas, turning our extensive borders into a bond of friendship, mutual trust and cooperation,” Xi said, as he listed a series of “firsts” accomplished by the SCO member states.
They were the first to take multilateral actions against the three forces of terrorism, separatism and extremism, and were the first to launch Belt and Road cooperation, Xi said.
“We were the first to conclude a treaty on long-term good-neighborliness, friendship and cooperation, proclaiming our commitment to forge lasting friendship and refrain from hostilities,” he continued.
The member states were also the first to put forth the vision of global governance featuring extensive consultation and joint contribution for shared benefit as an effort to practice true multilateralism, Xi added. Enditem
English Caption
Chinese President Xi Jinping addresses a banquet to welcome international guests at the Meijiang Convention and Exhibition Center in Tianjin, north China, Aug. 31, 2025. (Xinhua/Xie Huanchi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.