China
တရုတ်နိုင်ငံက နီပေါနိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ်ဖြစ်လာသည့် ဆူရှီလာ ကာကီထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နီပေါနိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ်ဖြစ်လာသည့် ဆူရှီလာ ကာကီထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ကေပီ ရှာမာအိုလီ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားပြီးနောက် တရားသူကြီးချုပ်ဟောင်းဖြစ်သူ ကာကီမှာ နီပေါ ယာယီအစိုးရ ဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၁၂ ရက် ညနေခင်းတွင် စတင်တာဝန်ယူခဲ့သည်။
တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့မှာ ကာလကြာမြင့်စွာ တည်တံ့ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို မျှဝေပိုင်ဆိုင်ထားကာ တရုတ်နိုင်ငံအနေဖြင့် နီပေါပြည်သူများက လွတ်လပ်စွာ ရွေးချယ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကိုလည်း အစဉ်အမြဲ လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်အား မြှင့်တင်ဖော်ဆောင်ရေး၊ နယ်ပယ်အသီးသီးတွင် အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တိုး၍ မြှင့်တင်ရေးအတွက် နီပေါနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China congratulates Sushila Karki on becoming prime minister of Nepal’s interim government
BEIJING, Sept. 14 (Xinhua) — China congratulates Sushila Karki on becoming the prime minister of Nepal’s interim government, a Chinese foreign ministry spokesperson said on Sunday.
Karki, Nepal’s former chief justice, took office as the prime minister of the interim government on Friday evening following KP Sharma Oli’s resignation.
The Chinese spokesperson said China and Nepal share a time-honored friendship, and China, as always, respects the development path chosen independently by the people of Nepal.
China stands ready to work with Nepal to promote the Five Principles of Peaceful Coexistence, enhance exchanges and cooperation in various fields, and further advance bilateral relations, the spokesperson said. ■
English Caption
Nepali President Ram Chandra Poudel (2nd R) administers the oath of office to Sushila Karki (1st R) as the prime minister of the interim government in Kathmandu, Nepal, Sept. 12, 2025. (Office of the President/Handout via Xinhua)