China
တရုတ်နှင့် အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို မက်ဒရစ်မြို့၌ စတင်

မက်ဒရစ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်၌ စပိန်နိုင်ငံ မြို့တော်မက်ဒရစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။
လာမည့်ရက်များအတွင်း နှစ်ဖက်စလုံးသည် အမေရိကန်၏ တစ်ဖက်သတ်စည်းကြပ်ခွန်အစီအမံများ၊ ပို့ကုန်ထိန်းချုပ်မှုများကို အလွဲသုံးစားလုပ်ခြင်းနှင့် TikTok ကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သည့် တရုတ်ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဦးဆောင်ခြင်းဖြစ်သည်။
TikTok ကိစ္စရပ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သား၍ တစ်သမတ်တည်းဖြစ်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏ လုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် အခိုင်အမာသံန္နိဋ္ဌာန်ချထားပြီး TikTok ကိစ္စရပ်ကို ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China, U.S. start economic, trade talks in Madrid
MADRID, Sept. 14 (Xinhua) — The Chinese and U.S. delegations convened here on Sunday for talks on economic and trade issues.
In the coming days, the two sides will discuss issues such as the U.S. unilateral tariff measures, the abuse of export controls and TikTok, a spokesperson with China’s Ministry of Commerce said on Friday.
The Chinese delegation is headed by Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee.
China’s position on the TikTok issue is clear and consistent, the spokesperson said. China is firmly committed to safeguarding the legitimate rights and interests of its enterprises and will handle the TikTok issue in accordance with the relevant laws and regulations. ■
English Caption
Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, poses for a photo with U.S. Treasury Secretary Scott Bessent prior to their talks in Madrid, Spain, Sept. 14, 2025. (Xinhua/Xing Guangli)