Connect with us

China

တရုတ်နိုင်ငံ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပွဲအတွက် ဟောင်ကောင်၌ စေတနာ့ဝန်ထမ်း ၁၆,၀၀၀ ကျော် ခန့်အပ်

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၌ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပွဲ ပိုစတာများများအား ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပွဲ ဟောင်ကောင်ဒေသတွင်းပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ၁၆,၀၀၀ ကျော်ကို စက်တင်ဘာ ၁၄ ရက်က ခန့်အပ်ခဲ့သည်။
ကတိပြုခြင်းအခမ်းအနားတစ်ခုကို Queen Elizabeth အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး စေတနာ့ဝန်ထမ်း ကိုယ်စားလှယ် ၁,၈၀၀ နီးပါးက ဝန်ဆောင်မှုတာဝန်ကျေပွန်ရေးကတိကဝတ်ပြုခဲ့ကြပြီး ၎င်းတို့အား အလံများပေးအပ်ခဲ့သည်။
အဆိုပါစေတနာ့ဝန်ထမ်းများအဖွဲ့သည် ဟောင်ကောင်ရှိ အလားတူအဖွဲ့အစည်းမျိုးအနက် အကြီးဆုံး အဖွဲ့ဖြစ်လာမည်ဖြစ်သည်။ ၎င်းတို့၏တာဝန်များမှာ ရောက်ရှိထွက်ခွာမှုများတွင် ကူညီဆောင်ရွက်ပေးခြင်း ဟိုတယ်တွင်ကြိုဆို‌နေရာချထားခြင်း၊ ပရိသတ်များအား ဝန်ဆောင်မှုပေးခြင်း၊ ဧည့်သည်များကြိုဆိုခြင်း၊ အားကစားသမားများတားမြစ်ဆေးမသုံးစွဲရေး ပံ့ပိုးကူညီရေး အပါအဝင် ဆုချီးမြှင့်ရေးအခမ်းအနားများတွင် ကူညီပေးခြင်းတို့ဖြစ်သည်။
အဆိုပါစေတနာ့ဝန်ထမ်းအဖွဲ့တွင် နောက်ခံအနေအထားအမျိုးမျိုးမှ အသက် အကြီးဆုံး အသက် ၈၀ ကျော်မှ အရွယ်ရောက်ပြီးသူ အသက်အရွယ်မျိုးစုံ ၁၅,၀၀၀ ဦးနှင့်အတူ အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် ဦးရေ ၁,၀၀၀ ကျော် ပါဝင်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ယဥ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း အတွင်းရေးမှူး လောစူးဖေ့(Rosanna Law) က ပြောကြားခဲ့သည်။ “ ၎င်းတို့သည် အမျိုးသားအဆင့် အားကစားပွဲကြီး နှစ်ပွဲကို အားသွန်ခွန်စိုက်ကြိုးပမ်းမှုများနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးရန် အတွေးအမြင်တူ ဆန္ဒတူညီမှု ဝေမျှထားကြောင်း” Rosanna Law က ပြောကြားခဲ့သည်။
စေတနာ့ဝန်ထမ်းဝန်ဆောင်မှု၏ဆောင်ပုဒ်မှာ “သင့်အတွက် ပိုမိုအံ့သြဖွယ် ဖြစ်ပါစေ” ဖြစ်ပြီး “You ဆိုသည်မှာ အားကစားပွဲသာမက ကြည့်ရူအားပေးသူ၊ ပူးပေါင်းပါဝင်သူ၊ ထောက်ကူပေးသူ မည်သူကိုမဆို ကိုယ်စားပြုကြောင်း နှင့် “Wonderful” ဆိုသည်မှာ အားကစားသမားများ၏စွမ်းဆောင်ရည်နှင့် စေတနာ့ဝန်ထမ်းများ၏ အကျိုးထမ်းဆောင်မှုများ နှစ်ခုလုံးကို ရောင်ပြန်ဟပ်ပေါ်လွင်စေကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
Over 16,000 volunteers appointed in Hong Kong for China’s 15th National Games
HONG KONG, Sept. 14 (Xinhua) — More than 16,000 volunteers were appointed Sunday to serve in the Hong Kong competition region at China’s 15th National Games.
A pledging ceremony was held at Queen Elizabeth Stadium, where nearly 1,800 volunteer representatives took an oath to uphold their service commitments and were presented with flags.
The volunteers will form the largest team of its kind in Hong Kong. Their duties will include arrival and departure assistance, hotel reception, spectator services, guest reception, anti-doping support, and presentation ceremony assistance.
Rosanna Law, Secretary for Culture, Sports and Tourism of the Hong Kong Special Administrative Region (HKSAR) government, said the volunteer group includes more than 1,000 youths aged 15 to 17, along with over 15,000 adult volunteers from varied age groups and backgrounds, the oldest being over 80. “They share the same philosophy and passion for service to support the two national mega sports events with devoted actions,” she said.
The volunteer service slogan is “Be more wonderful for you.” Here, “you” represents not only the events themselves, but also everyone who witnesses, participates in and supports them. “Wonderful” reflects both the athletes’ performances and the volunteers’ contributions.
Photo : Photo taken on Aug. 1, 2025 shows the posters of China’s 15th National Games in Hong Kong, south China. (Xinhua/Zhu Wei)