China
ပါပူအာ နယူးဂီနီနိုင်ငံ၏ နှစ် ၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခါသမယတွင် သမ္မတရှီက ပါပူအာ နယူးဂီနီ ဘုရင်ခံချုပ်ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါပူအာ နယူးဂီနီနိုင်ငံ၏ နှစ် ၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခါသမယတွင် ပါပူအာ နယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် ဘော့ဘ် ဒက်ဒေးထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပါပူအာ နယူးဂီနီနိုင်ငံမှာ လွတ်လပ်ရေးရရှိချိန်မှစ၍ လွန်ခဲ့သော နှစ် ၅၀ အတွင်း လူမှုစီးပွား တိုးတက်မှုတွင် အံ့မခန်း အောင်မြင်မှုများ ရရှိခဲ့သည်ဟု ရှီက ၎င်း၏ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံနှင့် ပါပူအာ နယူးဂီနီနိုင်ငံတို့မှာလည်း သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၄၉ နှစ်တာ ကာလအတွင်း အပြန်အလှန် ပံ့ပိုးကူညီခဲ့ကာ နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးချမ်းသာများနှင့် ဒေသတွင်း တည်ငြိမ်မှု၊ သာယာဝပြောမှုကို မြှင့်တင်ပေးသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများပေါ်တွင် လက်ချင်းတွဲ၍ ဆက်လက်လျှောက်လှမ်းခဲ့ကြသည်ဟု ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-ပါပူအာ နယူးဂီနီ ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအပေါ် အထူးအလေးထားကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ နယ်ပယ်အသီးသီးတွင် အပြန်အလှန် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိရေး၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို ပိုမိုကောင်းမွန်စွာ သယ်ပိုးနိုင်ရန် နှစ်နိုင်ငံကြား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား အဆင့်သစ်ဆီသို့ မြှင့်တင်ရေးအတွက် ပါပူအာ နယူးဂီနီ ဘုရင်ခံချုပ် ဒက်ဒေးနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Xi extends congratulations to Papua New Guinea’s governor-general over 50th anniversary of independence
BEIJING, Sept. 16 (Xinhua) — Chinese President Xi Jinping on Tuesday extended congratulations to Bob Dadae, governor-general of Papua New Guinea, over the country’s 50th anniversary of independence.
In his congratulatory message, Xi said that over the past 50 years since its independence, Papua New Guinea has achieved remarkable accomplishments in economic and social development.
Xi noted that over the 49 years since China and Papua New Guinea established diplomatic ties, the two countries have supported each other and forged ahead hand in hand on their development paths, which has improved the well-being of the two peoples, and promoted regional stability and prosperity.
Xi added that China attaches great importance to the growth of China-Papua New Guinea relations, and stands ready to work with Dadae to enhance political mutual trust, deepen exchanges and cooperation in various fields, and elevate the comprehensive strategic partnership between the two countries to new heights to better benefit the two peoples. Enditem