China
တရုတ်နှင့် အမေရိကန်အကြား အဆင့်မြင့်ဆွေးနွေးပွဲများကို ကုလသမဂ္ဂမှ ကြိုဆိုဟု ပြောရေးဆိုခွင့်ရှိသူဆို

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်ဆွေးနွေးပွဲများကို ကုလသမဂ္ဂက ကြိုဆိုကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
“သူတို့ရဲ့ စီးပွားရေး ဆက်ဆံရေးက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိတာကြောင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲတွေကို ကျွန်တော်တို့က ကြိုဆိုအားပေးပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်း ဒူဂျာရစ်က စပိန်နိုင်ငံ မြို့တော်မက်ဒရစ်တွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား စက်တင်ဘာ ၁၄ ရက်မှ စတင်ဘာ ၁၅ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော ကုန်သွယ်ရေး ဆွေးနွေးပွဲနှင့်ပတ်သက်၍ မေးမြန်းချက်အား နေ့စဥ်သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် အမေရိကန်ကိုယ်စားလှယ်များသည် TikTok အပါအဝင် အပြန်အလှန်ဂရုပြုမှုရှိသည့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန်လေးစားမှုနှင့် တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံ၍ ပွင့်လင်းနက်ရှိုင်းပြီး အပြုသဘောဆောင်သော ပြောဆိုဆက်သွယ်မှုကို ပြုလုပ်ခဲ့ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
တည်ငြိမ်သော တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးပါပြီး ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားသော သက်ရောက်မှုရှိကြောင်း နှစ်ဖက်စလုံးက အပြည့်အဝအသိအမှတ်ပြုကြသည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံတကာကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ် လီချိန်ကောင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
UN welcomes high-level dialogues between China, U.S.: spokesperson
UNITED NATIONS, Sept. 15 (Xinhua) — The United Nations welcomes high-level dialogues between China and the United States, a UN spokesperson said on Monday.
“We welcome and encourage high-level dialogues between the world’s two largest economies because their economic relationship has an impact on the global economy,” Stephane Dujarric, spokesperson for the UN secretary-general, said at a daily briefing, in response to a question on the two-day trade talks between China and the United States in Madrid, Spain, from Sunday to Monday.
The Chinese and U.S. delegations engaged in candid, in-depth and constructive communication based on mutual respect and equal consultation regarding economic and trade issues of mutual concern, including TikTok, a senior Chinese official said on Monday.
The two sides fully recognized that a stable China-U.S. economic and trade relationship is of great significance to both countries and also has a major impact on global economic stability and development, said Li Chenggang, China international trade representative with the Ministry of Commerce and vice minister of commerce, at a briefing. ■
English Caption
Stephane Dujarric, spokesman for UN Secretary-General Antonio Guterres, speaks during a daily news briefing at the UN headquarters in New York, Aug. 26, 2020. (Xinhua/Xie E)