Connect with us

China

SCO အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုတို့တွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး ကျင်းပသည့် ပင်မနေရာ၏ အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနေဖြင့် စက်တင်ဘာ ၁ ရက်က ကျင်းပပြီးစီးခဲ့သည့် ထျန်းကျင်း ထိပ်သီးအစည်းအဝေး၌ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲခဲ့ကာ ယင်းအနာဂတ်စီမံချက်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင်လည်းကောင်း၊ ဘုံသာယာဝပြောမှုကို မြှင့်တင်ရာတွင်လည်းကောင်း ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ဦးဆောင်လမ်းပြပေးမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေး၌ ထျန်းကျင်းကြေညာချက်၊ ၂၀၂၆-၂၀၃၅ ခုနှစ် ကာလအတွက် SCO ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စသည့် အဓိက သဘောတူညီချက်အများအပြားအား လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
ထိုအစည်းအဝေးမှ ရရှိခဲ့သည့် အကျိုးရလဒ်များအနက် နိုင်ငံစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်အား ထောက်ခံအားပေးသည့် ကြေညာချက်၊ ဒုတိယကမ္ဘာစစ်အောင်ပွဲနှင့် ကုလသမဂ္ဂ တည်ထောင်မှု နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကြေညာချက်၊ လုံခြုံရေး၊ စီးပွားရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဲ့သို့သော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် အပြီးသတ်သဘောတူညီချက် ၂၄ ခု ‌တို့လည်း ပါဝင်ကြောင်း သိရသည်။
ထျန်းကျင်းထိပ်သီးအစည်းအဝေးက တူညီဆန္ဒများကို ဖော်ထုတ်ပေးခဲ့ပြီး ခွန်အားများကို စုစည်းပေးခဲ့ကာ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်သစ်များကို ဖြည့်တင်းပေးလျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာများကိုလည်း ပံ့ပိုးပေးခဲ့သည်။
SCO အဖွဲ့အား ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းအဖြစ် အင်အားကြီးထွားလာခဲ့ကာ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တစ်မျိုးကိုလည်း စံနမူနာ ချမှတ်ပေးခဲ့သည်။ ရှန်ဟိုင်းစိတ်ဓာတ်၏ လမ်းညွှန်ထိန်းကျောင်းမှုအရ SCO ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပြီး သမိုင်းတွင်မည့် အောင်မြင်မှုများ ရရှိခဲ့ကာ ဒေသတွင်း၌သာမက တစ်ကမ္ဘာလုံးအတွက်လည်း ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။
SCO အနေဖြင့် ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေနှင့် လျော်ညီစွာ ပိုမိုကြီးမားကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား ပိုမိုတရားမျှတ၍ ပိုမိုတန်းတူညီမျှရှိအောင် ဖော်ဆောင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်း စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအကျိုးထမ်းဆောင်ရေးအတွက် သန္နိဋ္ဌာန်ချမှုနှင့် ထိထိရောက်ရောက် လက်တွေ့ဆောင်ရွက်မှုတို့ကို ယင်းထိပ်သီးအစည်းအဝေးက သက်သေထူလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6qW
……………………….
(English Version)
SCO acts to assume greater role in development, governance
TIANJIN, Sept. 1 (Xinhua) — The Shanghai Cooperation Organization (SCO) has drawn a development blueprint at its Tianjin Summit that concluded Monday, which will lead it to play a greater role in maintaining regional peace and stability, and in promoting shared prosperity.
The summit saw the signing and adoption of a number of key documents, including the Tianjin Declaration and a development strategy for the organization in the 2026-2035 period.
Outcomes of the meeting also include a statement on supporting the multilateral trading system, a statement on the 80th anniversary of WWII victory and of the founding of the United Nations, and 24 outcome documents on strengthening cooperation in sectors such as security, economy and people-to-people ties.
The Tianjin Summit has built consensus, pooled strength, ignited new cooperation momentum in various fields, and contributed wisdom to global governance.
Since it was founded in 2001, the SCO has grown into the world’s largest regional organization, setting an example for a new type of international relations. Guided by the Shanghai Spirit, SCO development and cooperation have seen groundbreaking and historic achievements, and significantly promoted peace and development at both regional and global levels.
In line with the evolving international situation, the summit has demonstrated the SCO’s resolve and action to work efficiently to achieve greater development, make the global governance system more just and equitable, and make more contributions to Global South solidarity, cooperation and human development.
English Caption
This photo taken on Aug. 30, 2025 shows an exterior view of the main venue of the Shanghai Cooperation Organization (SCO) Summit 2025 in north China’s Tianjin. (Xinhua/Sun Fanyue)