China
(SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး) တရုတ်နိုင်ငံက SCO အဖွဲ့ဝင်နိုင်ငံများကို ယခုနှစ်အတွင်း ယွမ် ၂ ဘီလီယံ ထောက်ပံ့မည်

ထျန်းကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည်ယခုနှစ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံများအား ယွမ် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၁ သန်းခန့်) ထောက်ပံ့ရန် ကတိပြုခဲ့သည်။
ရှီ က ဆိပ်ကမ်းမြို့ ထျန်းကျင်းတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများကောင်စီ အစည်းအဝေးတွင် မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် လာမည့်သုံးနှစ်အတွင်း SCO Interbank Consortium အဖွဲ့ဝင်ဘဏ်များကို ထပ်တိုး ချေးငွေ ယွမ် ၁၀ ဘီလီယံ ထုတ်ပေးမည်ဖြစ်ကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စတော့ခ်သည် အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံ ကျော်လွန်ခဲ့ပြီး SCO အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်း၏ အပြန်အလှန်ကုန်သွယ်မှုမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကျော်လွန်ကြောင်း ရှီ ၏အဆိုအရသိရသည်။ (Xinhua)
………………….
(English Version)
(SCO Tianjin Summit) China to provide 2 bln yuan in grant to SCO member states within this year: Xi
TIANJIN, Sept. 1 (Xinhua) — Chinese President Xi Jinping on Monday pledged to provide 2 billion yuan (about 281 million U.S. dollars) in grant to member states of the Shanghai Cooperation Organization (SCO) within this year.
Xi made the remarks at the 25th Meeting of the Council of Heads of State of the SCO held in the port city of Tianjin.
China will also issue an additional 10 billion yuan in loan to the member banks of the SCO Interbank Consortium over the next three years, Xi added.
China’s investment stock in other SCO member states has exceeded 84 billion U.S. dollars, and its annual bilateral trade with other SCO member states has surpassed 500 billion U.S. dollars, according to Xi.
Photo : Chinese President Xi Jinping chairs the 25th Meeting of the Council of Heads of State of the Shanghai Cooperation Organization (SCO) and delivers a speech titled “Staying True to SCO Founding Mission And Ushering in a Better Future” in Tianjin, north China, Sept. 1, 2025. (Xinhua/Ding Haitao)