Connect with us

China

ဥရောပသို့ ပထမဆုံးအာတိတ်သင်္ဘောလမ်းကြောင်းကို တရုတ်နိုင်ငံ၏ ဖူကျန့်ပြည်နယ် စတင်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ရှမန်ဆိပ်ကမ်းမှထွက်ခွာနေသည့် ကုန်တင်သင်္ဘောတစ်စင်း ဟိုင်ချန်း တံတားကို ဖြတ်သန်းနေစဥ် (ဆင်ဟွာ)

ဖူကျိုး၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်က ဥရောပသို့ ၎င်း၏ ပထမဆုံး “ဝင်ရိုးစွန်းပိုးလမ်းမ” သင်္ဘောလမ်းကြောင်းကို စက်တင်ဘာ ၂၁ ရက်၌ စတင်ခဲ့သည်။
အစ္စတန်ဘူလ်တံတားဟု အမည်ရသည့် ကွန်တိန်နာတင်သင်္ဘောတစ်စင်းက ဖူကျိုးဆိပ်ကမ်း၏ ကျန်းယင်း ဆိပ်ကမ်းဧရိယာမှ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ ထွက်ခွာခဲ့ပြီး အဆိုပါအာတိတ်သမုဒ္ဒရာလမ်းကြောင်းမှ ၁၉ ရက်အတွင်း ဥရောပသို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။
ထိုလမ်းကြောင်းသစ်သည် ချင်းသောင်၊ တာ့လျန်၊ ရှန်ဟိုင်းနှင့် နင်းပေါ အပါအဝင် အဓိကတရုတ်ဆိပ်ကမ်းများကို ဗြိတိန်နိုင်ငံရှိ Felixstowe ၊ နယ်သာလန်နိုင်ငံရှိ ရော့တာဒမ်၊ ဂျာမနီရှိ ဟမ်းဘတ်နှင့် ပိုလန်ရှိ Gdansk စသည့် အဓိကဥရောပဆိပ်ကမ်းများနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဖူကျိုးအကောက်ခွန်ဌာနမှ သိရသည်။
အဆိုပါလမ်းကြောင်းသည် အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ်နှင့် လျှပ်စစ်ပစ္စည်းကိရိယာများကဲ့သို့သော ကုန်ပစ္စည်းများအား ဥရောပဈေးကွက်များသို့ ပိုမိုမြန်ဆန်ထိရောက်စွာ ပို့ဆောင်ပေးသည့်လမ်းကြောင်းကို ဖူကျန့်နှင့် အိမ်နီးချင်းပြည်နယ်များရှိ ပို့ကုန်လုပ်ငန်းရှင်များအား ပံ့ပိုးပေးလျက်ရှိသည်။
ယင်းဝန်ဆောင်မှုက တရုတ်-ဥရောပ မီးရထားဝန်ဆောင်မှုထက် တစ်ပတ်ခန့် ပိုမြန်ပြီး စူးအက်တူးမြောင်းနှင့် Good Hope အငူတစ်ဝိုက်ရှိ သမားရိုးကျလမ်းကြောင်းများထက် ရက်ပေါင်း ၂၀ ကျော် ပိုမြန်ကြောင်း China Ocean Shipping Agency Fuzhou Co., Ltd မှ လုပ်ငန်းမန်နေဂျာ ရှောင်းပင်း က ပြောကြားခဲ့သည်။
အဆိုပါလမ်းကြောင်းကို စတင်ခြင်းသည် သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်မှု အချိန်ဇယားကို တိုးမြင့်စေပြီး ဥရောပသို့ ကုန်စည်ပို့ဆောင်မှုအတွက် ကုမ္ပဏီများကို ရွေးချယ်စရာများ ပိုရှိစေခြင်းဖြစ်သည်ဟု ရှောင်း က ပြောကြားခဲ့သည်။ အဆိုပါပို့ ဆောင်ရေး လမ်းကြောင်းသစ်ဖွင့်လှစ်မှုသည် ဥရောပ၏ ခရစ္စမတ်အကြို (ရောင်းချရန် သိုလှောင်သော) ကုန်ပစ္စည်းဖြည့်တင်းမှု အများဆုံးရာသီနှင့် တိုက်ဆိုင်နေပြီး ပို့ကုန်လုပ်ငန်းရှင်များအား သင်္ဘော ဖြင့် ကုန်စည်ပို့ဆောင်မှု အများဆုံးရာသီတွင် ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်စေပြီး စျေးကွက်ကို စောစီးစွာ သိမ်းပိုက်နိုင်စေမည်ဟုလည်း ရှောင်း က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China’s Fujian launches first Arctic shipping route to Europe
FUZHOU, Sept. 21 (Xinhua) — East China’s Fujian Province on Sunday launched its first “Polar Silk Road” shipping route to Europe.
A container ship, Istanbul Bridge, departed from the Jiangyin Port Area of Fuzhou Port on Sunday morning and was expected to reach Europe in only 19 days via the Arctic route.
The new route will connect major Chinese ports, including Qingdao, Dalian, Shanghai and Ningbo, with key European ports such as Felixstowe in Britain, Rotterdam in the Netherlands, Hamburg in Germany, and Gdansk in Poland, according to Fuzhou Customs.
The route offers exporters in Fujian and neighboring provinces a faster and more efficient channel for shipping goods such as building materials, textiles and electromechanical products to European markets.
The service is about a week faster than the China-Europe rail service and more than 20 days faster than traditional routes through the Suez Canal or around the Cape of Good Hope, said Xiao Bin, a business manager of China Ocean Shipping Agency Fuzhou Co., Ltd.
The launch of the route increases ship schedules and provides companies with more options for cargo transport to Europe, said Xiao. The inaugural voyage coincides with Europe’s peak pre-Christmas stocking season, allowing exporters to seize the market earlier while avoiding congestion in the peak shipping season, Xiao added. ■
English Caption
A cargo ship departing from the Xiamen port passes the Haicang Bridge in Xiamen, southeast China’s Fujian Province, Aug. 6, 2024. (Xinhua/Lin Shanchuan)