Connect with us

China

တရုတ်နိုင်ငံတွင် ရှားပါးရောဂါများအတွက် ဆေးဘက်ဆိုင်ရာအာမခံတိုးချဲ့

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဆန်းမိန်မြို့ရှိ ဆေးရုံတစ်ခုတွင် ဒေသခံတစ်ဦးအား ဆေးဘက်ဆိုင်ရာ အာမခံမူဝါဒ ရှင်းပြနေသည့် ဆေးဘက်ဝန်ထမ်းတစ်ဦးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရှားပါးရောဂါဆေးဝါး ၁၀၀ နီးပါးအပါအဝင် ရှားပါးရောဂါအမျိုးအစား ၂၀၇ ခုကို ၎င်း၏ ဆေးဘက်ဆိုင်ရာအာမခံအစီအစဥ်တွင် တိုးချဲ့ထည့်သွင်းခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြီးဆုံးသည့် ၂၀၂၅ ခုနှစ် ရှားပါးရောဂါများ အစည်းအဝေးတွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဖြစ်ပွားမှုနည်းပါးခြင်း၊ လူနာဦးရေလျော့နည်းခြင်းနှင့် သုတေသနနှင့် ဆေးဝါးထုတ်လုပ်မှုဖွံဖြိုးရေး အတွက် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ရှားပါးရောဂါများကို ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အာရုံစိုက်မှု နည်းပါးခဲ့သည်။ တရုတ်နိုင်ငံသည် အဆိုပါရောဂါများအတွက် ကုသမှုနှင့်တားဆီးကာကွယ်ရေးစနစ် ဖွံဖြိုး တိုးတက်စေရန် အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ လူနာများအတွက် လက်လှမ်းမီ၍ သင့်တင့်သောစျေးနှုန်းများဖြင့် ဆေးဝါးများကို ပိုမိုရရှိစေနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရှားပါးရောဂါဆေးဝါးများအပါအဝင် တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာအာမခံရန်ပုံငွေ ယွမ် ၈.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့်) ခွဲဝေသုံးစွဲခဲ့ပြီး စုစုပေါင်းပေးချေမှု၏ ၇.၇ ရာခိုင်နှုန်းခန့်ရှိသည်။
အဆိုပါရှားပါးဆေးဝါးများအတွက် လွှမ်းခြုံနိုင်သည့် အာမခံတိုးချဲ့ခြင်းအပြင် တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးသားရှားပါးရောဂါရှာဖွေကုသရေး ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကိုလည်း အဆင့်မြှင်တင်ခဲ့ရာ လက်ရှိတွင် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၄၁၉ ခု ရှိလာပြီဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် လူဦးရေ ၁.၁၅ ဘီလီယံ အကျုံးဝင်သည့် ရှားပါးရောဂါ သတင်းပေးပို့ခြင်းစနစ်ကိုလည်း ထူထောင်ခဲ့ပြီး ယနေ့အထိ ရောဂါဖြစ်ပွားမှု ၁.၆၄ သန်း စာရင်းရရှိပြီးဖြစ်ကြောင်း သိရသည်။(Xinhua)
……………………
(English Version)
China expands medical insurance coverage against rare diseases
BEIJING, Sept. 21 (Xinhua) — China has expanded its rare disease catalog to 207 conditions and included nearly 100 rare disease drugs in its medical insurance scheme, according to information released at the 2025 China Conference on Rare Diseases, which concluded on Sunday.
Due to their low incidence, small patient populations, and high research and development costs, rare diseases have received limited attention in the healthcare field. Through coordinated inter-agency efforts, China has accelerated the development of a system for the prevention and treatment of such diseases, making drugs more accessible and affordable for the patients.
In 2024, China’s medical insurance fund allocated 8.6 billion yuan (about 1.2 billion U.S. dollars) to include rare disease drugs in its coverage, accounting for about 7.7 percent of total payments.
Beyond expanding insurance coverage for such drugs, China has also advanced its national rare disease diagnosis and treatment collaboration network, which now includes 419 medical institutions.
The country has further established a rare disease reporting system covering 1.15 billion people, with 1.64 million cases registered to date.
Photo : A staff member explains medical insurance policies to a resident at a hospital in Sanming, Fujian Province, Nov. 18, 2020. (Xinhua/Jiang Kehong)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.