China
အနိုင်မခံ အရှုံးမပေးသည့် ဇွဲသတ္တိက တရုတ်နိုင်ငံအား အနာဂတ်အတွက် ခွန်အားများဖြစ်ပေါ်စေ

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
အတိတ်သမိုင်းကို လေ့လာဆန်းစစ်ခြင်းဖြင့် အနာဂတ်အတွက် အသိအမြင်များကို ရရှိနိုင်ပေသည်။ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အား အောက်မေ့ဂုဏ်ပြုခြင်းမှာ အတိတ်ကို ဆင်ခြင်သုံးသပ်ရန်နှင့် ပစ္စုပ္ပန်၌ ကြိုးပမ်းအားထုတ်မှုများကို ရှေ့ဆက်လုပ်ဆောင်ရာတွင် အားအင်များ တိုးပွားစေရန် အချိန်အခါကောင်းတစ်ခုလည်းဖြစ်သည်။
အမေရိကန် သတင်းထောက် အက်ဂါစနိုးမှာ ၁၉၃၆ ခုနှစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဖုန်ထူသော လိုအက် ကုန်းပြင်မြင့် (Loess Plateau) ၌ လူငယ် တပ်နီတော်ရဲဘော်တစ်ဦး မတ်မတ်ရပ်၍ စစ်ခရာမှုတ်နေပုံကို ဓာတ်ပုံရိုက်ယူခဲ့သည်။ ကျူးကျော်သူ ဂျပန်တို့ကို စည်းစည်းလုံးလုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် တစ်နိုင်ငံလုံးအား နှိုးဆော်တိုက်တွန်းသည့် အမှတ်သင်္ကေတဖြစ်သော ထိုဓာတ်ပုံမှာ အာရှမှ အနိုင်မခံ အရှုံးမပေး ခုခံတော်လှန်မှုအကြောင်းကို ကမ္ဘာကြီးအား သတင်းစကားပါးခြင်းပင်ဖြစ်သည်။
ခက်ခဲကြမ်းတမ်းသော်လည်း ရဲစွမ်းသတ္တိပြောင်မြောက်စွာဖြင့် ၁၉၃၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဆင်နွှဲခဲ့သည့် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲမှတစ်ဆင့် စွမ်းအားကြီးသော ခုခံတော်လှန်ရေးစိတ်ဓာတ် ရှင်သန်ပေါက်ဖွားလာခဲ့သည်။ နိုင်ငံသားတိုင်းအနေဖြင့် တိုင်းပြည်၏ အနာဂတ်အတွက် တာဝန်ရှိပြီး အသက်ပင်သေသေ ဘယ်သောအခါမှ ဒူးထောက်အရှုံးမပေးသည့် တိုင်းပြည်ချစ်စိတ်၊ အကြမ်းဖက်မှုကို ကြောက်ရွံ့ခြင်းမရှိဘဲ အဆုံးအထိ တိုက်ပွဲဝင်သည့် သူရဲကောင်းစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးဘဲ အောင်ပွဲကို ကျားကုတ်ကျားခဲရယူရန် ယုံကြည်ချက်ပြင်းပြမှု စသည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်မှုကို တရုတ်ပြည်သူများက ကမ္ဘာကြီးအား လက်တွေ့ပြသခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂျပန်တို့၏ တင့်ကားများ၊ ဗုံးကြဲလေယာဉ်များကို အမှန်တကယ် တွန်းလှန်ရင်ဆိုင်နိုင်ပါမည်လောဟု အမေရိကန် သတင်းထောက် အက်ဂ်နက်စ် စမက်ဒ်လေက စစ်ဗိုလ်ချုပ်ကြီး ရန်ဟူချိန်အား မေးမြန်းရာတွင် ရန်က “သူတို့မှာ နောက်ထပ် လေယာဉ်တွေ၊ တင့်ကားတွေ ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုတာကို သိပါတယ်။ စိတ်ဓာတ်ပြင်းပြမှုရှိရင် ခွန်အားတွေလည်း သူ့အလိုလို ဖြစ်လာပါလိမ့်မယ်” ဟု မဆိုင်းမတွ ပြန်ဖြေခဲ့သည်။
အလွန်ခက်ခဲကြမ်းတမ်းသော ၁၄ နှစ်တာကာလအတွင်း စစ်အင်အားအရသော်လည်းကောင်း၊ စီးပွားရေးအင်အားအရသော်လည်းကောင်း အကန့်အသတ်ရှိနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မဆုတ်မနစ် ကြံ့ကြံ့ခံရင်ဆိုင်ကာ နောက်ဆုံးတွင် အောင်ပွဲဆင်နိုင်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6o0
…………………………….
(English Version)
Unyielding courage drives China forward
BEIJING, Aug. 31 (Xinhua) — By examining history, one can obtain insight into the future. Commemorating the 80th anniversary of victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War is a good time to reflect on the past and gain strength to carry forward present endeavors.
In 1936, American journalist Edgar Snow took a picture in northwest China: on the dusty Loess Plateau, a young Red Army soldier stood upright, holding a bugle to his lips. That image, symbolizing a rallying call for the nation to unite and fight Japanese aggressors, conveyed to the world a message of unyielding resistance from the East.
Through the arduous and heroic War of Resistance Against Japanese Aggression from 1931 to 1945, a great spirit of resistance was formed. The Chinese people demonstrated to the world the patriotism that every citizen has a responsibility for the nation’s future, the national integrity of being ready to die and never yielding, the heroic spirit of not fearing violence and fighting to the end, and the indomitable and tenacious belief in victory.
When American journalist Agnes Smedley asked General Yang Hucheng in the 1930s if China could truly resist Japan’s tanks and bombers, Yang gave an unwavering answer: “They may have more planes and tanks. But we know we must fight. And when the will is firm, the strength follows.”
Over the 14 grueling years, a nation with limited military and economic resources stood its ground and ultimately prevailed.
English Caption
A set of floral installation is pictured at Jianguomen in Beijing, capital of China, Aug. 26, 2025. (Xinhua/Ju Huanzong)