Connect with us

China

၂၀၂၆ ခုနှစ် မီလန် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် တရုတ် ရေခဲပြင်အကအလှစုံတွဲ Wang နှင့် Liu ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းမြို့ရှိ ပေကျင်းအားကစားကွင်းရုံ၌ ကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ဆောင်းရာသီ ပေကျင်းအိုလံပစ်ပြိုင်ပွဲ၏ ရေခဲပြင်စကိတ်စီး အလွတ်တန်းအကအလှပြိုင်ပွဲတွင် တရုတ် နိုင်ငံမှ Wang Shiyue (အပေါ်) နှင့် Liu Xinyu တို့၏ ယှဥ်ပြိုင်မှုအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ် ဝါရင့် ရေခဲပြင်အကအလှကစားသမား နှစ်ဦးဖြစ်သည့် Wang Shiyue နှင့် Liu Xinyu အတွဲသည် စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သော ISU Figure Skating အရည်အချင်းစစ်ပြိုင်ပွဲ၌ အဆင့် ၄ နေရာ ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်းသိရသည်။
Wang နှင့် Liu အတွဲမှာ စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့သော ဟန်ချက်ညီအကပွဲစဉ်၌ ရမှတ် ၆၇.၅၉ မှတ်ဖြင့် အဆင့် ၆ ရခဲ့သလို စက်တင်ဘာ ၂၁ ရက်ကတွင် ယှဉ်ပြိုင်ခဲ့သော အလွတ်တန်း အကပွဲစဉ်တွင်လည်း ရ မှတ် ၁၀၁.၂၄ မှတ်ဖြင့် အဆင့် ၅ ရရှိခဲ့သည်။ Wang နှင့် Liu အတွဲမှာ စုစုပေါင်းရမှတ် ၁၆၈.၈၃ မှတ်ဖြင့် ပွဲစဉ်တစ်ခုလုံး၏ရပ်တည်မှုတွင် အဆင့် ၄ နေရာရခဲ့ပြီး အဆင့် ၅ ရ ခဲ့သော ဆွီဒင်မှ မီလာ ရုဒ်ရိုင်တန်နှင့် နီကိုလိုင်မာယိုရော့ဗ်အတွဲကို ၀.၂၃ မှတ်အကွာဖြင့် နှာတစ်ဖျားအသာရခဲ့ခြင်းဖြစ်သည်။
တရုတ်အတွဲနှင့်အတူ အခြားအတွဲ ၃ တွဲဖြစ်သည့် လစ်သူယေးနီးယားမှ အယ်လစ်ဆန်ရိဒ်နှင့် ဆာလီ ယက်စ်အမ်ဘရူဗက်ချစ်အတွဲ၊ ဩစတြေးလျမှ ဟိုလီဟားရစ်နှင့် ဂျက်ဆင်ချန်းအတွဲ၊ စပိန်မှ ဆိုဖီယာ ဗဲလ်နှင့် အာဆက်ဖ်ကာဇီမော့ဗ်အတွဲတို့ကလည်း ၂၀၂၆ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ယခုအရည်အချင်းစစ်ပြိုင်ပွဲမှာ Wang နှင့် Liu အတွက် ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာအဆင့်ပြိုင်ပွဲတစ်ခု၌ တစ်ကျော့ပြန်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်ပြီး Wang နှင့် Liu တို့ နှစ်ဦးစလုံးမှာ ဒဏ်ရာပြဿနာများအပါအဝင် အမျိုးမျိုးသော စိန်ခေါ်မှုပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
“၂၀၂၃ ရာသီအစမှာကတည်းက ဒဏ်ရာပြဿနာမျိုးစုံကို ကျွန်မတို့ ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ပြီးခဲ့ တဲ့နှစ်ကတော့ Liu ရဲ့ ပန်းနာရင်ကြပ်ရောဂါကုသမှုနဲ့ ပြန်လည်ထူထောင်မှုကို ကျွန်မတို့အာရုံစိုက်ခဲ့ရပါ တယ်။ အိုလံပစ်ဝင်ခွင့်အတွက် ကြိုးစားခွင့်ရမယ့် အခွင့်အရေးတစ်ခုရှိတယ်လို့ သိရတဲ့အချိန် ဒီနှစ်ထဲမှာတောင် တစ်ကျော့ပြန်ပြိုင်ပွဲဝင်နိုင်လိမ့်မယ်ဆိုတာ မသေချာခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအခွင့်အရေးကနေ နိုင်ငံ့ကိုယ်စားပြုခွင့်ရမယ်ဆိုတာနဲ့ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ပေးနိုင်တယ်ဆိုတာက ရှေ့ဆက်သွားဖို့ တွန်းအားဖြစ်စေခဲ့တာပါ” ဟု Wang က ပြောကြားခဲ့သည်။
Wang နှင့် Liu အတွဲမှာ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ် ရေခဲပြင်အကအလှပြိုင်ပွဲတွင် အဆင့် ၁၂ နေရာရခဲ့ပြီး အိုလံပစ်သမိုင်းတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်နိုင်သည့် တရုတ် ရေခဲပြင် အကအလှကစားသမားများအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သူများဖြစ်သည်။ လက်ရှိတွင် နှစ်ဦးစလုံးမှာ အသက် ၃၀ ပြည့်နှစ်ကျော်လာပြီဖြစ်ခြင်းကြောင့် ပိုမိုကြီးမားသော အောင်မြင်မှုများရရှိနိုင်ဦးမလားဆိုခြင်းမှာ မေးခွန်းတစ်ခုအဖြစ် ကျယ်ပြန့်စွာ ကျန်ရှိနေသည်။
” မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ပန်းနာရင်ကြပ်ရောဂါခံစားနေရတာကို အသိပေး ထုတ်ပြန်ပြီးနောက်ပိုင်း နောက်တစ်ကြိမ်ပြိုင်ပွဲဝင်နိုင်တော့မဟုတ်ဘူးလို့ ကျွန်တော်တို့တွေးထင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ကုသမှုခံယူပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်မှု ပြုလုပ်ခဲ့အပြီးမှာ ကျွန်တော်တို့ ဒီနေရာကိုရောက်လာပြီး အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါပြီ” ဟု Liu က ပြောကြားခဲ့သည်။
Wang ကလည်း “ဒီလို စိန်ခေါ်မှုပြင်းထန်တဲ့ကာလကို ဖြတ်ကျော်နိုင်ခဲ့တာက ကျွန်မတို့အတွက်သာမက ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး။ ကစားသမားဘဝ ကျဆင်းချိန် အတွေ့အကြုံတွေကို ရေခဲပြင်အကအလှကစားသမားတိုင်း ကြုံဖူးကြမှာပါ။ ကျွန်မတို့အတွက်တော့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ဖြတ်ကျော်ရမယ့်အဆင့်တစ်ခုအဖြစ် ယူဆထားဖို့ပဲ လိုပါတယ်။ ကျွန်မတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ကျွန်မတို့ကိုယ်တိုင်တောင် မယှဉ်နိုင်တော့ဘဲ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မတို့ ရှေ့ဆက်သွားရမယ့်လမ်းကြောင်းကို ချဲ့ထွင်နိုင်တယ်ဆိုတာနဲ့ ကျွန်မတို့ရဲ့ ရင့်ကျက်ပြည့်ဝလာတဲ့ အတွေ့အကြုံရဲ့အမြင်သစ်ကို လူတိုင်းကို ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Wang/Liu secure Milan 2026 Winter Olympics ice dance berth for China
BEIJING, Sept. 21 (Xinhua) — Ice dance veterans Wang Shiyue and Liu Xinyu have secured an Olympic berth for China after finishing fourth at the ISU Figure Skating Qualifier for the Milan-Cortina 2026 Olympic Winter Games here on Sunday.
The duo, who placed sixth in the rhythm dance with a score of 67.59 points on Friday, scored 101.24 points to rank fifth in Sunday’s free dance. Their total score of 168.83 points was enough to secure the fourth position, narrowly edging out Sweden’s Milla Ruud Reitan and Nikolaj Majorov, who finished fifth just 0.23 points behind.
In addition to the Chinese pair, three other pairs have also secured their places for the 2026 Winter Olympics: Lithuania’s Allison Reed and Saulius Ambrulevicius, Australia’s Holly Harris and Jason Chan, and Spain’s Sofia Val and Asaf Kazimov.
This tournament marks Wang and Liu’s return to the international stage after nearly two years. During this period, the pair had faced various challenges, including injuries.
“Since the start of the 2023 season, we’ve been dealing with many injuries. Last year, we focused on Liu’s asthma treatment and recovery. We weren’t sure if we would ever return to the competition until this year, when we realized we had a chance to fight for an Olympic berth. This opportunity to represent our country and earn an Olympic berth gave us the motivation to push forward,” Wang said.
Wang and Liu previously made history by finishing 12th at the Beijing 2022 Winter Olympics, a record best for Chinese ice dancers in Olympic history. Now, with both athletes in their 30s, whether they can achieve greater success remains an open question.
“Anything is possible,” Liu said. “After my asthma issues last year, we thought we might never compete again. But through treatment and hard work, we’re here today, securing our Olympic qualification.”
Wang added, “It’s not just us who’s gone through such challenging period. Every ice dancer experiences lows. For us, it’s about believing in ourselves and taking it one step at a time. We can’t compare ourselves to our peak performance, but we believe we can widen our path and show everyone a new side of us through our more mature experience.”
Photo:
Wang Shiyue (top) and Liu Xinyu of China perform during the figure skating ice dance free dance match of Beijing 2022 Winter Olympics at Capital Indoor Stadium in Beijing, capital of China, Feb. 14, 2022. (Xinhua/Ma Ning)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.