Connect with us

China

တရုတ်နိုင်ငံ ရှီးဇန့်ဒေသတွင် ကနဦးစက်မှုလုပ်ငန်း တန်ဖိုးမြင့်ထုတ်လုပ်မှုမှာ နှစ်ပေါင်း ၆၀ အတွင်း ၁၀၅ ဆ မြင့်တက်လာမှုကြောင့် ကျေးလက်ဝင်ငွေများ တိုးတက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့၊ လျင်ကျိုးခရိုင်တွင် ကုန်းပြင်မြင့် မုယောစပါးပင်များ ရိတ်သိမ်းနေသော တောင်သူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးစွမ်းဆောင်မှုက ယင်းဒေသ တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း ၆၀ အတွင်း သမိုင်းဝင် တိုးတက်မှု ရရှိခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ်က ကနဦးစက်မှုလုပ်ငန်း တန်ဖိုးမြင့်ထုတ်လုပ်မှုမှာ ယွမ် ၂၄.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၄၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၁၉၆၅ ခုနှစ်မှစ၍ ၁၀၅ ဆ တိုးတက်လာခြင်း ဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များ၏ ဖော်ပြချက်အရ သိရသည်။
ရှီးဇန့်ဒေသ၏ ကောက်ပဲသီးနှံထွက်ရှိမှုသည် ၁၀ နှစ်ဆက်တိုက် တန်ချိန် ၁ သန်းအထက်၌ ရှိနေဆဲဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၁၂၉ သန်းအထိ ရောက်ရှိခဲ့ကြောင်း ဒေသဆိုင်ရာ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဦးစီးဌာနထံမှ သိရသည်။ ထို့ပြင် ကျေးလက်ပြည်သူများ၏ လူတစ်ဦးချင်း ဝင်ငွေမှာ ယမန်နှစ်ကထက် ယွမ် ၂၁,၅၇၈ မြင့်တက်လာခဲ့ရာ ၁၉၆၅ ခုနှစ်ကထက် ၁၉၉ ဆ မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရှီးဇန့်ဒေသသည် မြူနီစီပယ်အဆင့် သို့မဟုတ် ယင်းနှင့်အထက်ရှိနေရာများတွင် စိုက်ပျိုး-မွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း ၁၈၇ ခု၊ လယ်ယာလုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေး သမဝါယမလုပ်ငန်း ၁၀,၈၀၀ ခု ရှိကြောင်း သိရသည်။ ထိုဒေသ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် စုစုပေါင်း ထွက်ရှိမှုအနေဖြင့် ယွမ် ၈.၇၇ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ထို့ပြင် ရှီးဇန့်ဒေသက အသုံးချနည်းပညာများ မြှင့်တင်ရန်အလို့ငှာ နှစ်စဉ် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင် ၅,၀၀၀ ကျော် စေလွှတ်လျက်ရှိပြီး မူ ၄.၅ သန်း (ဟက်တာ ၃၀၀,၀၀၀) ရှိသော စံချိန်မြင့်လယ်ယာမြေ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ရှီးဇန့်ဒေသသည် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီအသွင်ပြောင်းမှု အဆင့်မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဌာနတာဝန်ရှိသူ Migmar Cering က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xizang’s rural incomes soar as primary industry value-added rises 105-fold over 60 years
LHASA, Sept. 24 (Xinhua) — The agricultural and pastoral production capacity of southwest China’s Xizang Autonomous Region has achieved historic growth over the 60 years since the autonomous region was established, with the value-added output of its primary industry coming in at 24.7 billion yuan (about 3.48 billion U.S. dollars) in 2024 — a 105-fold increase from 1965, according to local authorities.
Xizang’s grain output has remained above 1 million tonnes for 10 consecutive years, at 1.129 million tonnes in 2024, according to the regional department of agriculture and rural affairs. And the per capita disposable income of its rural residents rose to 21,578 yuan last year, which was 199 times its 1965 level.
By the end of 2024, Xizang had 187 leading agro-pastoral enterprises at the municipal level or above, as well as 10,800 farming and herding cooperatives. The total output value of its agricultural and livestock product processing reached 8.77 billion yuan.
The region dispatches over 5,000 agricultural specialists annually to promote applicable technologies, and it has developed a cumulative 4.5 million mu (300,000 hectares) of high-standard farmland.
Department official Migmar Cering said that Xizang will continue to advance its agricultural and rural modernization.
Photo: Farmers harvest highland barley in Lhunzhub County, in Lhasa, southwest China’s Xizang Autonomous Region, Sept. 23, 2025. (Xinhua/Tenzin Nyida)