Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တုများကို ပင်လယ်ပြင်မှ လွှတ်တင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရစ်ကျောက်မြို့အနီး ပင်လယ်ပြင်မှ Smart Dragon-3 ဒုံးပျံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်၌ လွှတ်တင်စဉ် (ဆင်ဟွာ)

ရစ်ကျောက်၊ ဆန်းတုန်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တွင် Smart Dragon-3 ဒုံးပျံကို စက်တင်ဘာ ၂၄ ရက်၌ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုများအား သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါဒုံးပျံကို ရစ်ကျောက်မြို့အနီး ပင်လယ်ပြင်မှ ပေကျင်းစံတော်ချိန် ညနေ ၃ နာရီ ၅၆ မိနစ်၌ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းကမ်းလွန်လွှတ်တင်ခြင်းမစ်ရှင်ကို ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………
(English Version)
China launches satellites from sea
RIZHAO, Shandong, Sept. 24 (Xinhua) — A Smart Dragon-3 rocket lifted off on Wednesday in east China’s Shandong Province, sending satellites into preset orbit.
The rocket blasted off at 3:56 p.m. (Beijing Time) from the sea near the city of Rizhao. Taiyuan Satellite Launch Center conducted the offshore launch mission. ■
English Caption
A Smart Dragon-3 rocket blasts off from the sea near the city of Rizhao, east China’s Shandong Province, Sept. 24, 2025. (Photo by An Di/Xinhua)