China
တရုတ်နိုင်ငံ စိန်ရန်မြို့တွင် မစ်ချီလင်တာယာစက်ရုံ ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၂.၅ ဘီလီယံ ကျော်လွန်

စိန်ရန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မစ်ချီလင်အုပ်စု၏ ပထမဆုံးစက်ရုံဖြစ်သည့် စိန်ရန်မြို့မစ်ချီလင်တာယာစက်ရုံသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ရင်းနှီးမြှုပ်နှံမှုတိုးပွားလျက်ရှိရာတွင် ယခုအခါ ယွမ် ၁၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံခန့်) ကျော်လွန်လာခဲ့ပြီး ကမ္ဘာပေါ်တွင် ၎င်းတို့၏ အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံး တာယာထုတ်လုပ်ရေး အခြေစိုက်စခန်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော စက်ရုံ၏ နှစ် ၃၀ မြောက် အခမ်းအနားပွဲ၌ ယင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါစက်ရုံကို တရုတ်နိုင်ငံတွင် ၁၉၉၅ ခုနှစ်၌ ဖက်စပ်လုပ်ငန်းစတင်တည်ထောင်ကာ တာယာထုတ်လုပ်ရေးလိုင်းများကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
“စိန်ရန်မစ်ချီလင်စက်ရုံက တရုတ်နိုင်ငံမှာ မစ်ချီလင်အတွက် အဓိကမှတ်တိုင်ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်မှာ ဒေသတွင်းထုတ်လုပ်မှုကနေ ကမ္ဘာ့ခေတ်မီထုတ်လုပ်မှုအဖြစ် ကူးပြောင်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စိမ်းလန်းသောပြောင်းလဲမှု၊ ဝန်ထမ်းအရည်အချင်းဖွံဖြိုးမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ လုပ်ဆောင်လျက်ရှိပါတယ်၊ တရုတ်နိုင်ငံစျေးကွက်မှာ စက်ရုံရဲ့အောင်မြင်မှုက မစ်ချီလင်ရဲ့စိတ်ကူးနဲ့ နက်ရှိုင်းစွာပေါင်းစပ်ကာ ထင်ထင်ရှားရှားပုံပေါ်ခဲ့ပါတယ်” ဟု မစ်ချီလင် Greater China & Mongolia ၏ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Matthew Ye က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ကျယ်ပြန့်လာသော တံခါးဖွင့်လှစ်မှုကြောင့် ပေါ်ထွက်လာသည့် ဈေးကွက်အခွင့်အလမ်းများ၏ အကျိုးကျေးဇူးရရှိခြင်းဖြင့် မစ်ချီလင်သည် ဈေးကွက်နှင့်အတူယှဥ်တွဲကြီးထွားမှုအခွင့်အရေးကို ဖမ်းဆုပ်ခဲ့သည်။ အဓိက တိုးချဲ့မှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် အလုံးရေ ဆယ်သန်း ထုတ်လုပ်နိုင်သည့် ခရီးသည်တင်ကား တာယာလိုင်းအသစ်၊ ထပ်မံ၍ ၂၀၁၈ ခုနှစ်တွင် အလုံးရေ ခြောက်သန်းတာယာထုတ်လုပ်ရေးလိုင်း၊ ၂၀၁၉ ခုနှစ်တွင် အသံဆူညံမှုနည်းပါးသည့် တာယာထုတ်လုပ်ရေးလိုင်း ငါးလိုင်းနှင့် ၂၀၂၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ယူရို သန်း ၄၀ တိုးချဲ့ပြုလုပ်နိုင်ခဲ့သည်။ နောက်ဆုံးပေါ် Golden Wing ပရောဂျက်သည် ၂၀၂၅ ခုနှစ်တွင် စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို နှစ်စဥ် တာယာ အလုံးရေ ၁၇.၁ သန်း အထိ မြှင့်တင်ပေးမည်ဖြစ်ကာ အလုံးရေ သန်း ၁၀၀ မြောက် ခရီးသည်တင်ကားတာယာကို မကြာမီ ထုတ်လုပ်တော့မည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ တည်ငြိမ်သည့်စီးပွားရေးကြီးထွားမှုနှင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုအပေါ် ကတိပြုမှုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံကျသည့်ယုံကြည်မှုကို ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
ကျယ်ပြောသည့်သုံးစွဲမှု အခြေစိုက်နေရာနှင့်လျင်မြန်စွာ တိုးတက်လျက်ရှိသည့် မော်တော်ယာဥ်လုပ်ငန်းသာမက တိုးမြင့်လာသည့် ခိုင်မာသော ထောက်ပံ့မှုကွင်းဆက်နှင့် ဆက်တိုက်တိုးတက်နေသည့် စီးပွာရေးပတ်ဝန်းကျင်များကြောင့် တရုတ်နိုင်ငံစျေးကွက်က မစ်ချီလင်အတွက် အတက်ကြွဆုံးနှင့် အလားအလာအရှိဆုံးတစ်ခုအဖြစ် ဆက်ရှိနေကြောင်း၊ မစ်ချီလင်သည် တရုတ်နိုင်ငံအပါ် တစ်သမတ်တည်းအကောင်းမြင်မှုနှင့် အာမခံပြီးဖြစ်ကြောင်း Ye က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Michelin’s investment in China’s Shenyang surpasses 12.5 bln yuan
SHENYANG, Sept. 25 (Xinhua) — Michelin’s Shenyang plant — the group’s first factory in China — has become its largest and most advanced high-end tire manufacturing base in the world, with cumulative investment since 2010 exceeding 12.5 billion yuan (about 1.76 billion U.S. dollars).
The figures were revealed on Wednesday at a ceremony marking the 30th anniversary of the plant, which was established as a joint venture in 1995 and introduced tire production lines to China.
“Michelin Shenyang is a vital milestone for Michelin in China. Over the past three decades, it has driven the transition from local manufacturing to global intelligent manufacturing, playing a key role in green transformation and talent development,” said Matthew Ye, president and CEO of Michelin Greater China & Mongolia. “The plant’s success vividly embodies the deep integration of the Michelin spirit with the Chinese market.”
Benefiting from the market opportunities unleashed by China’s expanding opening-up, Michelin has seized the chance to grow alongside the market. Key expansions include a new passenger car tire line with an annual capacity of 10 million units in 2010, an additional 6 million unit line in 2018, the installation of five silent tire production lines in 2019, and a 40-million-euro investment in 2024. This latest project, Golden Wing, will boost the plant’s annual capacity to 17.1 million tires by 2025, with its 100-millionth passenger car tire set to be produced soon.
China’s steady economic growth and its commitment to high-level opening-up provide fundamental confidence for foreign investors.
“The Chinese market remains one of the most dynamic and promising for Michelin globally, featuring not only a vast consumer base and a rapidly upgrading automotive industry, but also an increasingly robust supply chain and a continuously improving business environment,” Ye said. “Michelin is consistently optimistic about and committed to China.”
Photo : This photo taken on Nov. 6, 2024 shows a lunar rover tire of Michelin during the seventh China International Import Expo (CIIE) in east China’s Shanghai. (Photo by Chen Haoming/Xinhua)