Connect with us

China

တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဥ်တင်သင်္ဘောတပ်တော်ဝင်ရန် မဝေးတော့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

တရုတ်နိုင်ငံ၏ ဖူကျန့်လေယာဥ်တင်သင်္ဘောပေါ်မှ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်ဖြင့် ပျံတက်မည့် လေယာဥ်တင်သင်္ဘောအခြေပြု J-35 လေယာဥ်တစ်စီးအားတွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဥ်တင်သင်္ဘော ဖူကျန့်ကို လေ့ကျင့်ခြင်းနှင့် စမ်းသပ်မှုများအား အစီအစဥ်တကျ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးနောက် တပ်တော်ဝင်ရန် မဝေးတော့ကြောင်း တရုတ်နိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ စက်တင်ဘာ ၂၅ ရက်က ပြောကြားမှုအရ သိရသည်။
ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရှောင်ကန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ မီဒီယာများ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ဖူကျန့်လေယာဥ်တင်သင်္ဘောပေါ်မှ J-15T ၊ J-35 နှင့် KongJing-၆၀၀ အမျိုးအစားလေယာဥ်များသည် လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်ဖြင့် ထွက်ခွာပျံသန်းနိုင်ခဲ့သလို သင်္ဘောပေါ်သို့ ပြန်လည် ဆင်းသက်ရာတွင်လည်း လေယာဥ်များကို အောင်မြင်စွာ ဖမ်းထိန်းနိုင်ခဲ့ကြောင်း ကျန်းရှောင်ကန်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
လေ့ကျင့်မှုများ၏ အောင်မြင်မှုအရ ဖူကျန့်လေယာဥ်တင်သင်္ဘောသည် လျှပ်စစ်သံလိုက်ဓာတ်သုံးလောက်လွှဲစနစ်ဖြင့် လေယာဉ်လွှတ်တင်ခြင်းနှင့် ပြန်လည် ဆင်းသက်ခြင်း ဆိုင်ရာစွမ်းရည်များအား ရရှိခဲ့ပြီဖြစ်ကြောင်း၊ လေယာဉ်တင်သင်္ဘောဖွဲ့စည်းပုံတွင် လေယာဉ်တင် သင်္ဘောအခြေပြု လေယာဉ်အမျိုးအစားများစွာကို ထည့်သွင်းပေါင်းစည်းရန် လမ်းဖွင့်ပေးနိုင် ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လေယာဥ်တင်သင်္ဘောဖွံ့ဖြိုးတိုးတက်မှုတွင် မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ခြင်းဖြစ်ကြောင်း ကျန်း၏ ပြောကြားမှုအရ သိရသည်။
တရုတ်နိုင်ငံ၏ ဖူကျန့်ပြည်နယ်ကို အစွဲပြုကာ နာမည်ပေးထားသည့် ဖူကျန့်လေယာဥ်တင်သင်္ဘောမှာ တရုတ်နိုင်ငံ၏ တတိယမြောက်လေယာဥ်တင်သင်္ဘောဖြစ်ပြီး သင်္ဘောကိုယ်ထည်နံပါတ် ၁၈ ပါရှိကာ ၂၀၂၂ ခုနှစ် ဇွန်လက ရေချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဥ်တင်သင်္ဘောနှစ်စင်းဖြစ်သည့် လျောင်နင်နှင့် ဆန်းတုန်း လေယာဥ်တင်သင်္ဘောများကဲ့သို့ ski-jump ကုန်းပတ်အမျိုးအစားမဟုတ်ဘဲ ဖူကျန့်လေယာဥ်တင် သင်္ဘောအား ပြားသော လေယာဥ်ပျံသန်းမှုကုန်းပတ်စနစ်ဖြင့် တည်ဆောက်ထားကာ ဝန်တန်ချိန်အပြည့် ၈၀,၀၀၀ တန်ကျော်ဖြင့် ခုတ်မောင်းနိုင်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China’s Fujian aircraft carrier commissioning “not far off”: spokesperson
BEIJING, Sept. 25 (Xinhua)
The commissioning of China’s Fujian aircraft carrier, which has been successfully conducting tests and training in accordance with the plan, is “not far off,” a spokesperson for the Ministry of National Defense said Thursday.
Zhang Xiaogang, the spokesperson, made the remarks in response to a media inquiry at a regular press conference.
He noted that carrier-based aircraft J-15T, J-35 and KongJing-600 have successfully completed catapult-assisted takeoff and arrested landing training aboard the Fujian aircraft carrier.
The success of the training demonstrates that the Fujian has obtained electromagnetic catapult launch and recovery capabilities, paving the way for multiple types of carrier-based aircraft to be integrated into the carrier formation, and marking a milestone in the development of China’s aircraft carriers, according to Zhang.
The Fujian, China’s third aircraft carrier with hull number 18, was launched in June 2022 and named after Fujian Province. Unlike the ski-jump decks of China’s first two carriers — the Liaoning and the Shandong — the Fujian features a flat flight deck, with a full-load displacement exceeding 80,000 tonnes. ■
Photo:
This file photo shows a carrier-based aircraft J-35 during an electromagnetic catapult-assisted takeoff on China’s aircraft carrier Fujian. (Photo by Li Tang/Xinhua)